အလွယ်တကူရှာရန်

Wednesday, February 15, 2012

ဖောက်ခွဲဖျက်ဆီးရေးသမားများအတွက်

                        တောင်းဆိုးပလုံးဆိုးကိုသာစွန့်ပစ်ရိုးထုံးစံရှိတယ် ၊ သားဆိုးသမီးဆိုးကို ဘယ်မိဘမှ စွန့်ပစ်ရိုးထုံးစံမရဗျဘူးတဲ့။ ဒီလိုပါပဲ နိုင်ငံတော် သမ္မတကြီးကလည်း အကြောင်းအမျိုးမျိုးကြောင့် အမိမြန်မာနိုင်ငံတော်ကနေ ထွက်ခွာသွားတဲ့ သွေးချင်းတွေကို လက်ကမ်းလို့ကြိုနေပါတယ်။ ပြည်တော်ပြန်အဖွဲ့တွေလည်း ၀မ်းသာလို့ ပျော်ရွှင်လို့နဲ့ အပြုံးမျက်နှာတွေနဲ့ တွေ့လိုက်ရတော့ ဘယ်လောက်များ ပီတိဖြစ်ဖို့ကောင်းလိုက်သလဲဗျာ။



                         ပြည်တော်ပြန်အဖွဲ့တွေကလည်း နိုင်ငံတော်တိုးတက်ဖို့အတွက် ပြုပြင်ပြောင်းလဲတဲ့နေရာမှာ
တတ်နိုင်တဲ့နေရာကနေ အင်ဖြည့် အားဖြည့် နဲ့ တစ်တပ်တစ်အားဖြစ်စေခဲ့ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော်သမ္မတကြီးနဲ့ တာဝန်ရှိသူအဆင့်ဆင့်ကိုရော ၊ ပြည်တော်ပြန်အားလုံးကိုရော လေးစားချစ်ခင်
စိတ် က အထွဋ်အထိပ် ထိရောက်ရှိခဲ့ပါတယ်။

                         ဒါပေမယ့်ပေါ့ဗျာ.....အင်တာနက်မှာ ABSDF အဖွဲ့ဝင် အောင်သူငြိမ်း ၊ အောင်နိုင်ဦး နဲ့ မင်းဇော်ဦး တို့ ပြည်တော်ပြန်ဝင်မယ် ဆိုတော့ ကျွန်တော်လည်း နည်းနည်း တွေဝေသွားတယ်ခင်ဗျာ ။

                       ဘာလို့လဲဆိုတော့ သူတို့ရဲ့လုပ်ရပ်က အပြုသဘောနဲ့ ဘုတောရုံလောက်ဆို ဘာမှမဖြစ်ဘူး။ ဘုတောတာမဟုတ်ပဲ အတည်သဘောနဲ့ လက်နက်ကိုင်တောခိုခဲ့တာဗျ။ ဒါတင်ပဲလားဆိုတော့ ဘယ်ကလာဟုတ်ရမှာလဲ ။ ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်ခဲ့တယ် ၊ လုပ်ဆောင်နေတယ်ဗျာ ။ ဖော်ရွေပျူငှာပြီး သဘောထား ဖြူစင်မှု့ရှိတဲ့ မြန်မာလူမျိုးတွေရဲ့ စိတ်ဓါတ်နဲ့ကတော့ ဘယ်လိုမှ စဉ်းစားလို့မရတဲ့ လုပ်ဆောင်မှု့လို့ပဲပြောချင်တယ် ။

                      ဟိုယခင်ကတော့ ဖောက်ခွဲဖျက်ဆီးရေးလုပ်လို့ ပြည်သူတွေသေကြေဒဏ်ရာရတယ် ။ မျက်ရည်ပေါက် ကြီးငယ်ကျကြရတယ်ဆိုတာ  တခြားတိုင်းပြည်နိုင်ငံတွေမှာပါ ။ ကျုပ်တို့မြန်မာနိုင်ငံမှာ မရှိပါဘူး ။ ဒီလိုအဖြစ်မျိုးတွေဖြစ်လာလိမ့်မယ်လို့လည်း နည်းနည်းလေးမှ မတွေးမိပါဘူး ။ အခုတော့ဗျာ အပြစ်မဲ့ ပြည်သူတွေသေကြေဒဏ်ရာရတာ လက်တွေ့ ခံစားနေကြရပြီ ။ ရင်နာစရာဘယ်လောက်ကောင်းလိုက်သလဲ ။

                      ဒါကြောင့် မောင်နာကျင် တစ်ယောက် နာကျင်မယ်ဆိုလည်း နာကျင်နိုင်စရာတွေချည်းပဲကိုး..။
မောင်နာကျင်ရေးထားမှ ကျုပ်သိရတာတစ်ခုရှိတယ်ဗျ ။ ဘာလဲဆိုတော့ မြန်မာ့ရိုးရာသင်္ကြန်မှာ လူမဆန်စွာဖောက်ခွဲဖျက်ဆီးရေး လုပ်ခဲ့တာ ABSDF ရဲ့ စနက်မကင်းဘူးဆိုတာပါဘဲ ။ ဒါလည်းနာကျင်စရာ
တစ်ခုပေါ့ဗျာ။

                    သင်္ကြန်ဆိုတာ ပျော်ရွှင်စရာကောင်းတဲ့ မြန်မာ့ရိုးရာ ပွဲတော်တစ်ခုဖြစ်သလို ကောင်းမှု့ကုသိုလ်
တွေပြုကြ ၊ အလှူဒါနတွေလုပ်ကြနဲ့ စိတ်ချမ်းမြေ့စရာတွေအပြည့်နဲ့ပွဲပါ။ အခုတော့ဗျာ မဏ္ဍပ်တိုင်းမှာ ဖောက်ခွဲဖျက်ဆီးမှူ့တွေ ထပ်မံမဖြစ်ပေါ်စေဖို့ လုံခြုံရေးတွေလည်းလုပ်ရ ၊ စစ်ရ ၊ ဆေးရနဲ့ လုပ်နေရပြီ ။ သွားလာတဲ့ သူတွေကလည်း လူစည်ကားရင်မသွားရဲ မလာရဲ နဲ့ ဘယ်လိုလုပ်အပြည့်အ၀ပျော်ရွှင်လွတ်လပ်
တော့မလဲဗျာ ။ အဲ့တာတွေဟာ ဘယ်သူ့ကြောင့်လဲ ?

                     ကျွန်တော်တို့ပြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကို အထွဋ်အမြတ်ထားတဲ့ နိုင်ငံ ၊ ရွှေရောင် ဘုရားတွေတ၀င်းဝင်းနဲ့ ကမ္ဘာမှာ မြန်မာ ဟာ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ နိုင်ငံဆိုတာ အားလုံးသိကြတယ် ။
အခုလည်းကြည့်လေ တရုတ်ကပင့်ဆောင်လာတဲ့ ဗုဒ္ဓစွယ်တော် မြန်မာနိုင်ငံကိုကြွလာတော့ ယခင်ကလို
ဗုံးပေါက်ကွဲ မှု့တွေ ဖြစ်ပြီး အများပြည်သူ ထိခိုက်သေကြေ ဒဏ်ရာရမှု့  မဖြစ်ပေါ်စေရေးအတွက် လုံခြုံရေးတွေ တိုးချဲ့ ပြီးလုပ်ရ ၊ စစ်ရ ၊ ဆေးရ နဲ့ကုသိုလ်တောင် အပြည့်အ၀ မယူနိုင်ဘူး ဖြစ်နေပြန်တယ် ။
ဒါတွေကလည်း ဘယ်သူ့ကြောင့်လဲ ?

                      ရှင်းရှင်းလေးပါဘဲဗျာ ။ ဖောက်ခွဲ ဖျက်ဆီးရေးသမားတွေကြောင့် မသွားရဲ မလာရဲ မလုပ်ရဲ မကိုင်ရဲ နဲ့ဖြစ်နေတော့ လွတ်လပ်မှူ့ ဆိုတာ ဘယ်လိုလုပ်ရှိတော့မှာလဲ ?

                      ဒါတောင် သူတို့ကအသံကောင်း ဟစ်ပြီး ဒီမိုကရေစီအတွက် လုပ်နေတာတဲ့ !

                      စဉ်းစဉ်းစားစားလည်း ပြောကြပါဗျာ ။ ကျုပ်တို့ပြည်သူတွေက အဲ့ဒီလောက်ထိမညံ့ပါဘူး။ စဉ်းစားဆုံးဖြတ် နိုင်တဲ့  ၊ ဆင်ခြင်သုံးသပ်နိုင်တဲ့ ဦးနှောက် မရှိဘူးလို့ မင်းတို့ကထင်နေတာလား ။ ဒါကြောင့်လဲ မောင်နာကျင်ကနာနာကျင်ကျင်နဲ့ ခံစားချက်ကို ဖွင့်ဟလိုက်တာပေါ့ ။ ကျုပ်မောင်ရင်နာ
ကလည်းရင်နာနာနဲ့ဘဲ ခံစားချက်ကို ရင်ထဲမှာသိမ်းမထားဘဲ မောင်နာကျင်ကို ထောက်ခံပါတယ်ဆိုတဲ့
အကြောင်း ရင်ဖွင့်လိုက်တာပါ။

                     ABSDF အဖွဲ့ဝင်တွေအပြင် ဖောက်ခွဲဖျက်ဆီးရေး လုပ်ဆောင်နေတဲ့ / အားပေးနေတဲ့ သူတွေကို ကျုပ်မေးချင်တာလေးတွေရှိတယ် ။ ဘာလဲဆိုတော့ -

  •  မင်းတို့တိုင်းပြည် ကိုဘာကြောင့် ပြန်လာချင်ရတာလဲ ? (ပြည်ပကနေ ဖောက်ခွဲ ဖျက်ဆီးရေးတွေလုပ်ပြီး တိုက်ခိုက်နေတာ ထိခိုက် ၊ သေကြေ ၊ ဒဏ်ရာရတဲ့ ပြည်သူလူထုအရေအတွက် နည်းနေသေးလို့လား)
  • ဘာလိုချင်လို့လဲ / ဘာတောင်းဆိုချင်လို့လဲ ?
  • အဖျက်လုပ်ငန်းတွေနဲ့ ပြည်သူတွေ သေကြေ ဒဏ်ရာ ရအောင်လုပ်ပြီးမှ အခုဘာလို့ပြန်ဝင်ချင်ရတာလဲ ?
  • တိုင်းပြည်ကိုတကယ်ရော ချစ်ရဲ့လား ?

                      ဘယ်လိုလဲ ...ပြည်ပြန်ဝင်ချင်တဲ့ အဖျက်သမားတွေ ! ပြည်သူတွေကိုယ်စား ကျုပ်မေးထားတဲ့ မေးခွန်း ၄ ခုကို အရင်ဖြေကြည့်ပါဦး ။ မင်းတို့ ဘယ်လိုပဲဖြေဖြေ နိုင်ငံတော် သမ္မတကြီးက မိဘသဖွယ် စိတ်ရင်း စေတနာအပြည်နဲ့ ပြည်ပြန်ဝင်ခွင့်ပြုမှာပါ။ ဒါပေမယ့် ကျုပ်တို့ မောင်နှမသားချင်းတွေ ဖြစ်တဲ့ ပြည်သူလူထု ကတော့ .......................။ မင်းတို့ဒီလောက်ဆို သဘောပေါက်ပေါ့ကွာ ။


                       အေး....နောက်ဆုံးစကားတစ်ခွန်းတော့ပြောချင်တယ် ။ သားဆိုး ၊ သမီးဆိုး ကိုဘယ်မိဘမှ မစွန့်လွှတ်ပေမယ့် ဘယ်ညီအစ်ကိုမောင်နှမတွေကမှ ခွင့်လွှတ်ပြီး လက်ခံထားမှာ မဟုတ်ဘူးဆိုတာဘဲ။


                                                                                                                                              မောင်ရင်နာ

No comments:

Post a Comment