
ဘာတွေ အကျိုးအမြတ်ရမလဲ… မင်းတို့ဟာက တရုတ်အတွက်ပါ… တရုတ်ကြီးကို ပေးနေတာပါ.. တရုတ်စီးပွားရေးပါကွာတဲ့… ဟုတ်ပီဗျာ… လက်ရှိအနေအထားဟာ.. နိုင်ငံတော် အတွက် တိုးတက်ရာ တိုးတက်ကြောင်းတွေကို ပြုပြင်ပြောင်းလဲ မွန်းမံနေတဲ့ အခါသမယဖြစ်တဲ့ အဲဒီအတွက်ကြောင့် နိုင်ငံ့ဝင်ငွေ တိုးပွားလာအောင် စီးပွားရေးရင်းနှီးမြုပ်နှံမှု စီးပွားရေးပြုပြင် ပြောင်းလဲမှုတွေ၊ စီးပွားရေး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရမယ့် အခါသမယဖြစ်ပါတယ်… အဲဒီအချိန်မှာ… ကျွန်တော်တို့ဟာ.. ဒီပရောဂျက်ကို စထားပြီး မလုပ်ဘူး လုပ်ဖြစ်တော့ဘူးဆိုပြီး ဘုမသိဘမသိတဲ့ သူတွေ အော်သလို အေးကွာဖျက်လိုက် ကောင်းတယ် မလုပ်နဲ့ဆိုပြီး ဖျက်ပေးလိုက်ပါဘီဗျာ.. ကဲ.. နောက်ထပ် ရင်နှီးမြုပ်နှံမယ့် သူတွေ ရဲ့ ယုံကြည်မှုတွေကို ဘယ်လိုရယူတော့မလဲ… ??? ဒီမြန်မာနိုင်ငံကြီးက အလကားဟာတွေပါကွာ.. လွယ်လွယ်ကတိပေး ဟေးလာဝါးလားနဲ့ လွယ်လွယ်ဖျက်… စီးပွားရေးကို မညီမညွှတ်နဲ့ အဲလိုလုပ်တယ်ဆိုပြီး ဘယ်နိုင်ငံက လာရောက်ရင်းနှီး မြုပ်နှံတွေ လုပ်ကြတော့မှာလဲဗျာ…