အလွယ်တကူရှာရန်
Monday, April 30, 2012
မန္တလေး-မြစ်ကြီးနား (၃၃) အဆန် ရထား မိုင်းခွဲဖျက်ဆီးခံရ
မန္တလေး မြစ်ကြီးနား (၃၃)အဆန်
အိပ်စင်ရထားသည် နန့်စီးအောင်ဘူတာ မှ (၂၉.၄.၂၀၁၂) နံနက် (၀၀း၅၆)နာရီအချိန်
တွင် ထွက်လာပြီး နံနက် (၁း၁၀)နာရီအချိန် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊
မော်ဟန်ဘူတာနှင့် နန့်စီးအောင် ဘူတာအကြားမိုင်တိုင် ၆၁၆/၁ နှင့် ၆၁၆/၃
အကြား တံတားအမှတ်(၅၃၄) နေရာတွင် မိုင်း (၂)လုံး ဆက်တိုက် ပေါက်ကွဲခဲ့သည်။
ဗုံးပေါက်ကွဲမှုကြောင့်ရထားတွဲ (၁၂)ပါဝင်ရာ၊ (၈)တွဲ လမ်းချော်ခဲ့ပါသည်။
အထက်တန်း အိပ်ခန်းတွဲ(၁) ၁၂၆၆၉ နှင့် တွဲ (၇) ၁၂၆၅၄ BREZ 10919
စားသောက်တွဲ တိမ်းမှောက် ခဲ့ပါသည်။ အိပ်စင် တွဲ(၁) D ခန်းတွင် လိုက်ပါ
လာသော မျိုးမင်းထိုက် (၂၈)နှစ် ခြေထောက် ကျိုးသွားပြီး၊ အိပ်စင်တွဲ(၁)
B ခန်းတွင် လိုက်ပါလာသော ရှင်စန္ဒောဘာသ ခြေမျက်စိ ဒဏ်ရာရရှိခဲ့ပါသည်။
ရထားသံလမ်း ကွန်ကရစ်တုံး (၉၅) တုံးပျက်စီးပြီးတံတား အမှတ်(၅၃၄)ပျက်စီးခဲ့ကြောင်း
ရထားထိန်း ဦးစစ်လှိုင် မှပြောကြားခဲ့ပြီး မီးရထားဌာနမှ တာဝန်ရှိသူများ မှ
နံနက် (၈)နာရီအချိန်မှ စပြီး ရထားလမ်း ကို ပြန်လည်ပြုပြင်နေကြောင်း
သိရှိရပါသည်။
Labels:
နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment