အလွယ်တကူရှာရန်

Thursday, October 13, 2011

လူသားချင်းညှာတာထောက်ထားပါ။

                 အောက်တိုဘာလ ၁၂ ရက်နေ့(သီတင်းကျွတ် လပြည့်နေ့ )၌ မြစ်ကြီးနား အကျဉ်းထောင် မှ လူပျက်(ပျက်စီးနေသောလူ) ဇာဂနာ့ ကို လွတ်ငြိမ်းချမ်းသာခွင့် နဲ့ လွှတ်ပေးခဲ့ပါတယ်။ သို့ပေမယ့် သူဟာ ထောင်ကထွက်ရတာ မပျော်ပါဘူးလို့ပဲ တွင်တွင်ပြောဆိုနေတာတွေ့ရပါတယ်။ သူ ဟာ နဂိုကမှ လက်ဖဝါးလိုလူပါ။ခြေဖဝါးလို တသမတ်တည်းမရှိပဲ  လက်ဖဝါးကဲ့သို့မှောက်ချည် လှန်ချည် နဲ့
ဒီစကားဟိုပြော ဟိုစကားဒီပြော   _ာသည်ပါးစပ်နဲ့ လူပါ။ အခုလဲကြည့်ပါ ထောင်က
လွတ်တာ မပျော်ဘူးဟုပြောနေပေမယ့် ပြုံးဖြီးနေတဲ့ မျက်နှာ ၊ ပီတိ ဖြာနေတဲ့ မျက်နှာ က သူ့စိတ်ထဲက
အပျော်တွေကို ဖုံးမထားနိုင်ပါဘူး။  အခုပဲ " မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ရှိလို့လား"

လို့ပြောလိုပြော "နိုင်ငံရေးသမားတွေ ကတော့ သီဟသက်တင်၊ ဇေယျာအောင်၊ မျိုးမင်းသန်း၊ ကိုကြည်တိုး၊ နိုင်ငံတော်အစိုးရ လက်မခံတဲ့ နိုင်ငံရေးအကျဉ်းသားတွေပေါ့ သူတို့ ကျန်ခဲ့တယ်" လို့ ဆိုလိုဆို နဲ့ တခဏအတွင်းမှာပဲ အမျိုးမျိုး ဖြစ်နေသော စိတ်မနှံ့ တဲ့ စကားတွေကိုပြောဆိုတာလဲတွေ့ရပါတယ်။
ထောင်ကျနေတဲ့ သူအားလုံး လွှတ်ပေးလိုက်လို့လဲ ဘာဖြစ်လဲ အိတ်ထဲကစိုက်ရတာမှ မဟုတ်တာတို့ ၊ ဒီအစိုးရလက်ထက်မှာ ဖမ်းထားတာမှ မဟုတ်တာ ၊ အရင်အစိုးရ လက်ထက်မှာ ဖမ်းထားတာပဲတို့ ဆိုပါတယ် ။အဲ့လိုဆို ၄ နှစ်တကြိမ် ရွေးကောက်ပွဲ လုပ်တဲ့ တိုင်းပြည်မှာ အမြင့်ဆုံး ထောင်ဒဏ် ကို ၄ နှစ် ၊
၅ နှစ်တစ်ကြိမ် ရွေးကောက်ပွဲ လုပ်တဲ့ တိုင်းပြည်မှာ အမြင့်ဆုံး ထောင်ဒဏ် ကို ၅ နှစ် အဖြစ် သတ်မှတ် ဖို့ လိုသလို ၊ မနက်ဖြန် အစိုး ရသစ် အပြောင်းအလဲ ပြု လုပ်မည် ဆိုက ယနေ့ အမှု့ ဖြစ်သူမည်သူမဆို မဖမ်းဆီးဖို့ ၊ လုပ်ချင်သလောက်လုပ် လွတ်ငြိမ်းချမ်းသာခွင့် ပြုဖို့ ဥပဒေ တွေ နိုင်ငံတကာ မှာ  ပြဌာန်း ဖို့
ကုလသမဿမဂ သို့တင်ပြသင့်ပါပြီ။ ဇာဂနာ အပြောအရ ထို လူများ ကို ယနေ့ အမိန့်ချလိုက်လည်း မနက်ဖြန် ပြန်လွှတ်သင့်တာပဲလေ ။ဆိုတော့ ထူးမနေဘူး အလုပ်ရှုပ်ခံပြီးဖမ်းဆီး မနေဖို့ စတဲ့ ဥပဒေ တွေ ပြဌာန်း သင့်ပေပြီ။
                နောက် ထိုလူ က ထောင်ကလွတ်တာမပျော်ဘူးလို့တွင်တွင်ပြောနေရခြင်း အပေါ် တွင် ကောက်ချက်ချစရာ တွေရှိလာပါတယ်.......
               -ထောင်ထဲတွင် အနေအစားချောင်နေ၍လား?
               -သူ့လွတ်လာ၍ အားကိုးတကြီး စောင့်ကြည့်နေသူများ ရှေ့ ၌ ဒေါ်စု ကဲ့သို့ပင်                       အဖျားရှူးသွားမည်ကို သိ၍ လော?
             - ထောင်ထဲတွင်နေတုန်းတော့ လူအထင်ကြီး ခံနေရပေမယ့် တကယ့်လက်တွေ့ လုပ်ဆောင်မှု့များတွင် အသုံးမကျ ညံ့ဖျင်းမှု့များ အမှန်အတိုင်း ပေါ်လာမည် စိုး၍လော?
               -သိုတည်းမဟုတ် ထောင်ထဲ ၌ ဆေးကုသခွင့် အလကားရနေ၍လား ?
စတဲ့စတဲ့ သံသယ ဖြစ်စရာ အချက်များ
ပေါ် ပေါက်လာပါတယ်။
              ထို့အတွက် အကြံပြုချင်သည်မှာ ထိုလူ အား ပထမဦးစွာစိတ်ကျန်းမာရေး ဆေးရုံတွင်ပြသသင့်
ပါသည်။ထို့နောက် လူသားချင်း စာနာထောက်ထားသော အားဖြင့် သူမပျော်သော အပြင်တွင် မထားပဲ ၊ ၎င်း ပျော်သည်ဆိုသောအကျဉ်းထောင် အတွင်း၌သာ ပြန်လည် နေထိုင်စေရန် ခွင့်ပြုသင့်ကြောင်း
ဖော်ပြအပ်ပါသည်။

No comments:

Post a Comment