ပုထုဇဉ်လူသားတွေမှာ အတ္တဆိုတာ ရှိကြပါတယ်၊ မိမိအတ္တအတွက် တပါးသူကို မထိခိုက်ဘူး ဆိုလျှင် အကောင်းဆုံးပေါ့ဗျာ၊
တပါးသူ နှစ်ပါးသူလောက် ထိခိုက်တယ်ဆိုအုံးတော့ တော်သေးတာပေါ့၊
ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးကို ထိခိုက်ပြီဆိုလျှင်တော့ အဲဒီလို လူစားတွေကို ကင်ပွန်းတတ်ရမယ့် အမည်ကိုတောင် ရှာမတွေ့နိုင်ပါဘူး၊
စကားလုံးနဲ့ ပြောမရနိုင်လောက်အောင် ဆိုးဝါးလွန်းလှပါတယ်၊ ဒါပေမယ့် ဒီလိုလူစားတွေဆိုတာကလည်း နိုင်ငံတိုင်း၊ နေရာတိုင်း၊ အဖွဲ့အစည်း တိုင်း၊ မိသားစုတိုင်းမှာ ရှိနေတတ်ကြပါတယ်၊
ဘ နဖူး သိုက်တူးတဲ့ လူစားတွေပေါ့။