အလွယ်တကူရှာရန်

Thursday, September 8, 2011

KIA ၏နင်းမိုင်းဖြင့်အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံး၊တစ်ဦးဒဏ်ရာရ

         စက်တင်ဘာ ၃ ရက်နေ့တွင် ၀ိုင်းမော်မြို့နယ်၌ KIA အဖွဲ့မှထောင်ထားသည့် နင်းမိုင်းဖြင့် အပြစ်မဲ့
ပြည်သူတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့...
         ကချင်ပြည်နယ် ၀ိုင်းမော်မြို့ အမှတ်(၃)ရပ်ကွက်နေ မောင်လွမ်းဇယ် နှင့် ၀ိုင်းမော်မြို့နယ် ဘိသရာကျေးရွာ နေ မောင်ဘရန်မိုင် တို့ နှစ်ဦးသည် စက်တင်ဘာ ၃ ရက် မွန်းလွဲပိုင်းတွင် ကျွဲပျောက်လိုက်လံ ရှာဖွေရာမှ တဘက်ချောင်းအနီး အရောက်တွင် KIA အဖွဲ့ မှ ထောင်ထားသော မိုင်းတစ်လုံး နင်းမိပြီး မောင်လွမ်းဇယ် ၏ ခြေထောက်၊၀မ်းဗိုက် နှင့် မျက်နှာတို့တွင် မိုင်းစများထိမှန်ကာ
သေဆုံးသွားခဲ့ကြောင်း မောင်ဘရန်မိုင် ၏ မျက်နှာ နှင့် ရင်ဘတ် တွင် မိုင်းစများ ထိမှန်ဒဏ်ရာ ရရှိခဲ့သဖြင့်
ဝိုင်းမော်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသပေးလျက်ရှိကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး တွင် GSM လိုင်း ၄သိန်းတိုးချဲ့ တပ်ဆင်မည်

  ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်အတွင်း စစ်ကိုင်းတိုင်း ဒေသကြီး ၌ GSM လိုင်း ၄ သိန်း တိုးချဲ့ တပ်ဆင်ရေး
အတွက် လိုအပ်သည့် GBE မိုက်ကရိုဝေ့ ဆက်ကြောင်းသစ် တပ်ဆင်ရေးလုပ်ငန်းများကို သြဂုတ်လ လလယ်ပိုင်း ကပြီးစီးပြီဖြစ်သဖြင့် ကသာခရိုင်၊ ရွှေဘို ခရိုင် အတွင်း အိတ်ချိန်း သစ်နှင့် မိုဘိုင်း စခန်းသစ်များ
တည်ဆောက်ရန် အသင့်ရှိနေပြီ ဖြစ်ကြောင်းသိရှိရသည်။
                                                   
 myanmars.net မှ ကူးယူဖော်ပြပါသည်။

နေပြည်တော်-ရန်ကုန်လမ်းပိုင်းတွင် လျှပ်စစ်အမြန်ရထား ပြေးဆွဲလာနိုင်

နေပြည်တော်-ရန်ကုန်လမ်းပိုင်းတွင် နောင်အခါ လျှပ်စစ်အမြန်ရထားပြေးဆွဲနိုင်ရန် အလားအလာရှိကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ပြည်တွင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားလိုက်သည်။