အလွယ်တကူရှာရန်

Wednesday, February 15, 2012

အမေစု သိစေချင်သည့် ဗိုလ်ချုပ်၏အဓိပ္ပါယ်

          ``ဖေဖော်ဝါရီ (၁၃)မှာ ဗိုလ်ချုပ်မွေးနေ့ပါ``ဆိုတဲ့ ကဗျာစာသားလေးအတိုင်းပါပဲ၊ ဗိုလ်ချုပ်မွေးနေ့မှာ

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးရေးရုံးခန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်ခဲ့တာ အလွန်ကောင်းတဲ့ အစီအစဉ်

တစ်ရပ်ပါပဲ။ စစ်အစိုးရအနေနဲ့နှစ်ပေါင်း (၂၀)ကျော် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကြောင်းကို Fade out လုပ်

ထားခဲ့ရာမှဒီကနေ့ ပြည်သူ့အစိုးရလက်ထက်မှာ ပြန်လည်ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ

သမိုင်းအတွက် ၀မ်းမြောက်ဖွယ်သတင်းလဲဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတိုင်းကလဲ အနိမ့်ဆုံးအဆင့်

မြန်မာနိုင်ငံကိုလာတဲ့ ဧည့်သည်တော်တိုင်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂူဗိမာန်ကို

ဂါရ၀ပြုတာမျိုးမြင်တွေ့လိုကြပါတယ်။ ခုလိုမျိုး ကမ္ဘာကျော်မဲ့ အဖြစ်မှန် ရုပ်ရှင်ရိုက်မှာမျိုးဆိုတော့ အတိုင်း

ထက်အလွန် သဘောကျမိပါတယ်။



 ဒေါ်အောင်ဆန်းစုကြည် က ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအတွက်  ပြောကြားနေစဉ်

        အခမ်းအနားကိုအစီအစဉ်(၇)ခုနဲ့ ကျင်းပရာမှာအစီအစဉ်(၆)အရ အမေစုရဲ့နိဂုံးချုပ်စကားဖြစ်ပါတယ်။

အမေစု ပြောတာတွေကောင်းပါတယ်။ အဓိက အနေနဲ့ ဒီရုပ်ရှင်ကားဟာ သမိုင်းကို မှန်မှန်ကန်ကန်

သရုပ်ဖော်နိုင်တဲ့ မှတ်တမ်းကောင်း တစ်ခုဖြစ်စေချင် ကြောင်းအမေစုပြောပါတယ်။ ဒါဟာလဲ

အကောင်းဆုံးပါ ပဲ။ နောက်ဆက်ပြီး အမေစုပြောတာရှိပါတယ်။ ဗိုလ်ဆိုတဲ့ အဓိပ္ပာယ်ဟာ

ပြည်သူဆိုတဲ့အင်အား ဖြစ်ပါကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းကို ပြည်သူများက ဗိုလ်ချုပ်လို့ ခေါ်ရခြင်းမှာ

တပ်မတော်အရာရှိမို့လို့ မဟုတ်ဘဲ ပြည်သူကိုအင်အားတွေပေးဖို့

ခေါ်ဆိုခြင်းဖြစ်ကြောင်းအမေစုပြောခဲ့ပါတယ်။ အမေစုရေ…ဗိုလ်ဆိုတဲ့ဝေါဟာရဟာ

တပ်မတော်အရာရှိမို့လို့

ခေါ်တာမဟုတ်ဘူး ဆိုတာမျိုးကျတော့ တစ်မျိုးဖြစ်နေပါတယ်။ ``ဗိုလ်ဆိုတဲ့အဓိပ္ပာယ်ဟာ ပြည်သူဆိုတဲ့

အင်အားဖြစ်ပါတယ်``စကားက ….ကဲ-ကေအိုင်အေက ဗိုလ်ချုပ်ဂန်ရှောင်၊ ဗိုလ်ချုပ်ဂွမ်မော်ဆိုတာမျိုးတွေ

ကျတော့ ပြည်သူရဲ့အင်အားဖြစ်နိုင်ပါ့ မလား။သူတို့ဟာပြည်သူတွေအတွက်တော့ အဖျက်လုပ်ရပ်တွေ

ချည်းလုပ်နေတာတွေ့မြင်နေရပါတယ်။ ထို့အတူပါပဲကေအင်န်ယူက ဗိုလ်ချုပ်ကြီး စောတာမလာဘောတို့

ကျတော့ကော..ပြည်သူတွေရဲ့အင်အား ပဲလား။

ဗိုလ်ချုပ်ဟာမျိုးချစ်တပ်မတော်ဖွဲ့ဖို့ဂျပန်ပြည်မှာအသက်နဲ့လဲပြီးဆင်းရဲဒုက္ခ အမျိုးမျိုးခံပြီးမြန်မာ့တပ်မတော်

ကြီးကို တည်ထောင်ခဲ့တာပါ။ ဗိုလ်ချုပ် ဆိုတာ တပ်မတော်က သတ်မှတ်ပေးတဲ့ရာထူး အဆင့်အတန်းပါ။

အဲဒီခေတ်အခါက ဗိုလ်ချုပ်ဆိုတာ တပ်မတော် ရဲ့အမြင့်ဆုံးရာထူးမို့ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ခဲ့တာပါ။
 
ဗိုလ်ချုပ်အောင်ဆန်းဟာတပ်မတော်ရဲ့ ဖခင်အစစ်အမှန်ပါပဲ။ ဗိုလ်ချုပ်ဆိုတဲ့အဓိပ္ပာယ်ကိုလဲ တစ်မျိုး

တစ်မည်ဖြစ်စေတဲ့အသုံးအနှုန်းမျိုးမသုံးစေချင်ပါဘူး။ အမေစုအနေနဲ့ နိုင်ငံခြားမှာပညာသင်၊ နိုင်ငံခြားမှာ

နေ၊နိုင်ငံခြားသားနဲ့အိမ်ထောင်ကျပြီးဗမာပြည်မှာနေတဲ့နှစ်ကလဲနည်းနေသေးတော့ တပ်မတော်သားတွေရဲ့

တိုင်းပြည်အတွက် အသက်ကိုပေးဆပ်ထားပြီး စွန့်လွှတ် အနစ်နာခံမှု၊ပင်ပန်းဆင်းရဲမှု ဘ၀တွေကို အမေစု

မသိသေးဖူးနဲ့တူပါတယ်။ ဗိုလ်ဆိုတာ တပ်မတော်အရာရှိများရဲ့ပြန်တမ်းဝင် ရာထူးဖြစ်ပါတယ်။ ဒါဟာလဲ

ဒီခေတ်မှသတ်မှတ်တဲ့ရာထူး မဟုတ်ပါဘူး။ တပ်မတော်ကြီး စတင်ပေါ်လာကထဲက တပ်မတော်

ခေါင်းဆောင်အဖြစ် ရည်ညွှန်းသတ်မှတ် ခေါ်ဆိုခဲ့တာဖြစ်ပါတယ်။ ပိုပြီးကြီးကြီးကျယ်ကျယ် ပြောရရင်တော့

 မြန်မာဘုရင်တွေ လက်ထက်ကထဲက ရှိခဲ့တဲ့ ရာထူး ဖြစ်ပါတယ်ဆိုတဲ့အကြောင်း အမေစုသိစေချင်တာပါ။

No comments:

Post a Comment