အလွယ်တကူရှာရန်

Saturday, September 3, 2011

ဧရာဝတီ အပေါ် မှန်ကန်စွာတန်ဖိုးထားနိုင်ပါစေ

       ကိစ္စ တစ်ခုအပေါ် အခြေခံ ၍ စာရေးသူ အတော်များများ ဟာ ကိုယ်ပိုင် စိတ်ကူး ၊ ထင်မြင်ချက်များကို
ဖော်ပြကြတာတွေ့ရပါတယ်။ မှန်ပါတယ်။ ကိုယ်ပိုင် ထင်မြင်ချက်တွေကို ဖော်ပြကြတယ်ဆိုတာ လက်ခံနိုင်တဲ့ အကြောင်းအရာတစ်ခုပါ။ထို ဖော်ပြချက်များဖြင့် စာဖတ် ပရိတ်သတ်တို့ မတွေးမိ မမြင်မိ 
သည်များကို အသိပေးရာ ကျသဖြင့် အလွန် အဖိုးတန်လှပါတယ်။ထိုကဲ့သို့သော အဖိုးတန် စာပေများကို 
တဖက်စောင်းနင်း ရေးသားခြင်းများကတော့ အလွန် စိတ်ပျက်စရာကောင်းလှပါတယ်။

Thursday, September 1, 2011

ထားဝယ်ရေနက်ဆိပ်ကမ်း နှင့် သူတို့သဘောထား

                                                               
                 ယခုနှစ် အစောပိုင်း လောက်တုန်းက ထားဝယ် မြို့မှာ ရေနက်ဆိပ်ကမ်းကြီး တခုကို Italian Thai Development Public Co.,Ltd  မှ တာဝန်ယူ တည်ဆောက်တော့မယ်ဆိုတဲ့အကြောင်းကြားတယ်ဗျ..
ကျွန်တော်လဲ အရမ်းဝမ်းသာသွားတာပေါ့။