အလွယ်တကူရှာရန်

Wednesday, October 12, 2011

၎င်း တို့ အကျိုးစီးပွား အတွက် ပြည်ဖျက်လုပ်ငန်းများ သာမက လူမျိုး အညွန့်တုံး ရေး လုပ်ငန်းများပါ လုပ်ဆောင်နေသော KIA နှင့် အပေါင်းအပါများ

                    KIA သောင်းကျန်းသူများမှာ တိုင်းပြည် တိုးတက်ရေး ၊ တည်ငြိမ်အေးချမ်းရေး ပျက်စီးစေရန် ရည်ရွယ်၍ တိုင်းပြည် အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်နေရုံ မကပဲ  မြန်မာတစ်မျိုးသားလုံး အညွန့်တုံးစေနိုင်သော မူးယစ်ဆေးဝါးများကိုပါ ၎င်းတို့အကျိုးစီးပွား တစ်ခုတည်းအတွက် ထုတ်လုပ်ရောင်းချ မှု့များ လုပ်ဆောင်လျက်ရှိ ကြောင်း ဖမ်းဆီးရမိခဲ့ ပါသည်။ ၎င်း နှင့်အတူ ရရှိလာသော အကျိုးအမြတ် များကို KIO ၊KIC နှင့် အခြားသော နိုင်ငံတော် ပျက်စီးရာ ပျက်စီးကြောင်း ဖော်ဆောင်နေကြသည့် အဖွဲ့ အစည်းများမှ ခွဲဝေ ခံစားနေကြကြောင်း မူဆယ် မြို့ခံ တစ်ဦးမှ ပြောကြားခဲ့ပါသည်။
                 
  သို့ရာတွင် အောက်တိုဘာလ ၈ ရက် ညနေ ၆ နာရီ အချိန်ခန့်တွင် ရှမ်းပြည်နယ် မူဆယ် ခရိုင်အတွင်း တပ်မတော်စစ်ကြောင်းများ နယ်မြေ ရှင်းလင်းစဉ် ၎င်းတို့ ထံမှလက်နက်ခဲယမ်း၊မူးယစ်ဆေးဝါး
နှင့် မူးယစ်ဆေး ဝါး ထုတ်လုပ် သည့် စက် ကိရိယာများ ကို ရှာဖွေ သိမ်းဆည်း ရမိ ခဲ့ပါသည်။ထို အကြောင်းခြင်းရာများကြောင့် KIA များမှာ ယခင်ထက် ပိုမို ပြည်ဖျက်လုပ်ငန်းများ လုပ်ဆောင်နိုင်ဖွယ် ရှိသည်ဟု မြန်မာ့ နိုင်ငံရေး ကျွမ်းကျင်သူတစ်ဦးမှ ယခု ကဲ့ သို့ သုံးသပ်ခဲ့ပါသည်.....
"နဂိုကတည်းကမှ ပျက်စီးရာပျက်စီးကြောင်း လုပ်နေကြတာဗျာ..အခုလို ဖြစ်သွားတော့ သူတို့အော်နေတာတွေနဲ့ ပြောင်းပြန်ဆိုတာ သိကုန်ကြတော့ အရှက်ကွဲတာပေါ့ဗျာ...ဒီတော့ သူတို့လည်း သူတို့အရှက်ကို ကာဖို့ နိုင်ငံတော် အစိုးရအပေါ် အပြစ် ရှာမှု့တွေ တိုင်းပြည်အဖျက်အမှောင့်လုပ်ငန်းတွေ ကို ပိုလုပ်ဆောင် လာနိုင်တာပေါ့ ရှက်ရမ်းရမ်းတာပေါ့ဗျာ " ဟူ၍ ပြောဆိုခဲ့ပါသည်။
                    ထိုအကြောင်းကို ယနေ့ထုတ် ကြေးမုံသတင်းစာ ၌ အောက်ပါ အတိုင်းဖော်ပြခဲ့ ပါသည်။
သတင်းစဉ်မှာ ....

ရှမ်းပြည်နယ် မူဆယ်ခရိုင် အတွင်း မိမိတပ်မတော် စစ်ကြောင်းများ နယ်မြေရှင်းလင်းစဉ် KIA အဖွဲ့ထံမှ လက်နက်ခဲယမ်း ၊ မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်သည့်စက်ကိရိယာများ ရှာဖွေသိမ်းဆည်းရမိ

                     ရှမ်းပြည်နယ် မူဆယ်ခရိုင်မူဆယ်မြို့နယ် တီးမားရဲဘက် အလုပ်စခန်းအား စက်တင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် KIA အဖွဲ့တစ်ဖွဲ့ ကစီးနင်းဝင်ရောက် ပစ်ခတ်ခဲ့ပြီး တရားဥပဒေစိုးမိုးရေး ကိုဆောင်ရွက်နေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင် ၃ ဦးနှင့် အကျဉ်းဦးစီး ဝန်ထမ်း ၃ ဦး ၊ ရဲတပ်ဖွဲ့မှ လက်နက်ငယ် ၈ လက်တို့နှင့်အတူ ရဲဘက်အကျဉ်းသား ၅၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
                   ယင်း KIA အဖွဲ့အား မိမိတပ်မတော် စစ်ကြောင်းမှ လိုက်လံ ရှင်းလင်းခဲ့ရာ စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၆ ရက်အထိ တွေ့ဆုံပစ်ခတ်မှု့များဖြစ်ပွားခဲ့ပြီး ၎င်းတို့ဘက်မှ လက်နက်ငယ်မျိုးစုံ (၁၂) လက်၊မိုင်းမျိုးစုံ (၁၆) လုံး ၊ ယမ်းမျိုးစုံ (၄၅) အိတ် ၊ ယမ်းတောင့် (၉) တောင့် ၊ လိုင်စင်မဲ့မော်တော်ယာဉ် (၄) စီး ၊ မော်တော်ဆိုင်ကယ် (၉) စီး ၊ အခိုင်အမာအဆောက်အအုံ ၄၆ လုံး ၊
တဲမျိုးစုံ (၅၉) လုံးနှင့် ဆန်အိတ် (၂၄၄) အိတ် တို့အား သိမ်းဆည်း ရရှိခဲ့သည်။ KIA အဖွဲ့ထံမှ
ရဲတပ်ဖွဲ့ ဝင် (၃) ဦး ၊ အကျဉ်းဦးစီး ဝန်ထမ်း (၃) ဦး နှင့် ရဲဘက်အကျဉ်းသား (၃၇) ဦးတို့အား
ကယ်တင်နိုင်ခဲ့ပြီးရဲဘက်အကျဉ်းသား၁၈ ဦးမှာ တရားခံပြေး အဖြစ် ထွက်ပြေးလွတ်မြောက် သွားခဲ့သည်။
                    အဆိုပါ KIA အဖွဲ့အား မိမိတပ်မတော်စစ်ကြောင်း က လိုက်လံရှင်းလင်းစဉ်အောက်တိုဘာ
၈ ရက် ညနေ ၆ နာရီတွင် KIA အဖွဲ့ တပ်ရင်း တစ်ရင်း အခြေပြုသည့် မူဆယ်မြို့နယ် တကဿက နိုင်းရွာ
အရှေ့တောင်ဘက်ရှိ ပေ ၆၀ ပတ်လည် သွပ်မိုး အုတ်ကာ အဆောက်အအုံအတွင်း မှ အေကေ-၄၇ သေနတ် (၁) လက် ၊ ၎င်းကျည် (၆၀) တောင့် ကျည်အိမ် (၂) ခုနှင့် KIA ကချင် အဖွဲ့ မှ တပ်ကြပ်အဆင့် တံဆိပ်ပါ ယူနီဖောင်း (၁) စုံ တို့အား လည်းကောင်း ၊ အဆောက်အအုံ ၏ အနောက်ဘက်ရှိ
အဂဿတေ ဖြင့်ပိတ်ထားသော အုတ်ရေကန် အတွင်းမှ ၆၀-မမ စိန်ပြောင်း (၂) လက် အမ်-၂၁ သေနတ် (၁) လက် ၊ ကျည်အိမ် (၁) ခု ၊ ကျည်မျိုးစုံ (၁၀) တောင့် ၊ ယမ်းတုံး (၅) တုံး ၊ စိတ်ကြွ မူးယစ်ဆေးပြား (၁၀၂၀) ၊ ဆာဖြူရစ်အက်စစ် (၅) ဂါလန်ပုံး (၇) ပုံး ၊ ယမ်းမှုန့် မျိုးစုံ (၃) ပိသာခန့်စီ ထည့်ထားသော အထုပ် (၂) ထုပ် ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြု သည်ဟု ယူဆရသော အမှုန့် နို့ဆီဗူး တစ်ဝက်ခန့် ၊ ရိကဿခာခြောက် (၁၆၀) ထုပ်နှင့် ဆိုင်ကယ် (၂) စီး တို့အား လည်းကောင်း၊ အနီးရှိ အဆောက်အအုံ တစ်ခု
အတွင်းမှ KIA အဖွဲ့ ၏ ကိုယ်ရေးရာဇဝင် စာရွက်စာတမ်းများ ၊ စိတ်ကြွ မူးယစ်ဆေးပြား (၅၂၁၃၄၀) ၊
ဆေးပြားရိုက်စက် ၁ လုံး ၊ ဆေးပြားရိုက်ခုံ ၄ ခုနှင့် ဆက်စပ်ပစဿစည်းများ ၊ အက်ဆစ်ယမ်းမှုန့် ဟု ယူဆရသော (၆၀) ကျပ်သားခန့်စီရှိ အမည်းရောင်အမှုန့် (၁၈) ထုပ် ၊ ဆာဖြူရစ် အက်စစ် (၅) ဂါလန်ဝင်ပုံး (၇) ပုံး ၊ တီးမား အကျဉ်းဦးစီး စခန်း ဝင်ရောက်ဖမ်းဆီး မှု့ မှတ်တမ်းဓါတ်ပုံများ ပါရှိသော လက်တော့ (၁) လုံးတို့အား
လည်းကောင်း ရှာဖွေဖော်ထုတ် သိမ်းဆည်းရရှိခဲ့သည် ။
                     KIA အဖွဲ့အနေဖြင့် အကြောင်းအမျိုးမျိုး ပြနေသော်လည်း လူသားတစ်မျိုးနွယ်လုံး လူညွန့်
တုံးစေမည့် မူးယစ်ဆေးဝါး ကို ထုတ်လုပ်ရောင်းချနေကြောင်း ယခု ဖြစ်စဉ် များအရ အထင်အရှားတွေ့ရှိရသည်။
                   ယခုဖြစ်စဉ် တွင် သိမ်းဆည်းရရှိသည့် ပစဿစည်းများအနက်မှ မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်သည့် စက်ကိရိယာများအား မိမိတပ်မတော်စစ်ကြောင်းမှ တာဝန်ရှိသူများ က အောက်တိုဘာ ၉ ရက်နေ့ ည ၈ နာရီတွင် မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူး ၊ မူဆယ် မြို့နယ် ရဲတပ်ဖွဲ့မှူး
နှင့် မူဆယ်မြို့နယ် မူးယစ်အထူး ရဲတပ်ဖွဲ့မှူး တို့ထံသို့ စနစ် တကျ လွှဲပြောင်း ပေးခဲ့ကြောင်း သတင်းရရှိသည်။
                                                                                      ( ကြေးမုံ သတင်းစာ ပါ သတင်းစဉ် )

No comments:

Post a Comment