အလွယ်တကူရှာရန်

Friday, October 14, 2011

စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော် က ELEVEN MEDIA ၏ CEO ဒေါက်တာသန်းထွဋ်အောင်သို့ တန်ဘိုးကြီးကားတစ်စီး အားလာဘ်အဖြစ်ပေးအပ်ခဲ့ကြောင်းသတင်းများဖြစ်ပေါ်

ဦးဇော်ဇော်မှ ဒေါက်တာသန်းထွဋ်အောင်သို့ လက်ဆောင်အဖြစ်ပေးအပ်ခဲ့သော ကားနှင့် အမျိုးစားတူ ကားတစ်စီး၏ အတွင်းပိုင်းပုံ
စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်က Eleven Media Group ၏ ဥက္ကဌနှင့် CEO ဖြစ်သူ ဒေါက်တာသန်းထွဋ်အောင် ထံသို့ ပြည်ပပေါက်ဈေး အမေရိကန်ဒေါ်လာ တစ်သိန်းကျော်တန်ဘိုးရှိ LEXUS အမျိုးအစား ကားတစ်စီးကို လက်ဆောင်အဖြစ်ပေးအပ်ခဲ့ကြောင်း သတင်းများဖြစ်ပေါ်လျက်ရှိပါသည် ။
ဦးဇော်ဇော် ဥက္ကဌအဖြစ် ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ရဲ့ လတ်တလောမအောင်မြင်မှုများနှင့် သူပိုင် စီးပွားရေးလုပ်ငန်းများ အကြောင်း မီဒီယာမှတစ်ဆင့် ပျံ့နှံ့ ဖေါ်ပြခြင်း မရှိစေရန် ရည်ရွယ်ပြီး ခုလို တန်ဘိုးကြီး လက်ဆောင်များကို ရည်ရွယ်ပေးတာဖြစ်ကြောင်းလဲ အဆိုပါသတင်းများအရ သိရှိရပါတယ် ။
" ခုတစ်လော သူတို့နှစ်ယောက် ညနေတိုင်းလိုလို ညစာအတူစားနေကြတာတွေ့ပါတယ် ၊ ကျွန်တော်တို့လဲ ဒီသတင်းကြားပါတယ် လူတစ်ယောက်ကနေ တစ်ခြားသူခင်မင်ရာ လူတစ်ယောက်ကို သူပေးချင်ရာပေးတာ ဘာမှပြောစရာမရှိပေမယ့် ပေးတဲ့သူကလဲ ရည်ရွယ်ချက်တစ်ခုခုနဲ့ပေးမယ် ၊ ယူတဲ့မီဒီယာသမားကလဲ ဒါယူမိတဲ့အတွက် ပေးတဲ့သူရဲ့ ရည်ရွယ်ချက်ကို တစ်ဖက်လှည့်နဲ့ အကောင်အထည်ဖေါ်နေမယ် ဆိုရင် တော့ ပြည်သူတွေအနေနဲ့ ဒီမီဒီယာကို ယုံကြည်ဘို့ ခက်လာပါ့မယ် ခုပဲကြည့်လေ ဆက်တိုက်ဆိုသလို အရှုံးနဲ့ရင်ဆိုင်နေရ တဲ့ မြန်မာ့ဘောလုံးအသင်းနဲ့ပတ်သက်ပြီး အစိုးရကိုတောင်ဝေဖန်ဘို့ဝန်မလေးတဲ့  Eleven ကဘာမှဝေဖန်တာတွေမရှိပါဘူး  " ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောပါသည် ။

အခြားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက " ကျွန်တော်တို့ သိရသလောက် ကိုဇော်ဇော်ဟာ ဒေါက်တာ သန်းထွဋ်အောင်ကို တော်တော်ကြည့်မရတဲ့သူပါ ခုတစ်လော သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေး ကိုတော့နားမလည်နိုင်အောင်ပါဘဲ ကိုဇော်ဇော်ကို စီးပွားရေးသမားပီသပါပေတယ်လို့ပဲ ပြောရတော့မှာပါဘဲ " ဟုပြောပါသည် ။

" ဒီသတင်း ဟုတ်တယ်ဗျ တချို့ကလဲ သူ့ဖာသာသူပေးတာဘာဖြစ်လဲဆိုပြီးပြောကြတယ် ဒါဆိုရင် လဘ်စားတယ်ဆိုတာ ဘာလဲ ? ၊ အဂတိလိုက်စားတယ်ဆိုတာဘာလဲ ? ၊ ဆိုတာပြန်မေးရမလိုဖြစ်နေပြီ ဒါမျိုးယူတာမှတရားတယ်ဆိုရင် အစိုးရတာဝန်ရှိသူတွေ နဲ့စီးပွားရေးသမားတွေအကြားအပေးအယူ ရှိတယ်တို့ ဘာတို့ မီဒီယာတွေက ရေးမနေတော့နဲ့လေ... ဟုတ်တယ်မဟုတ်လား    " ပြည်တွင်း သတင်းအယ်ဒီတာတစ်ဦး၏ မှတ်ချက်စကားဖြစ်ပါသည် ။

မကြာမီ စီးပွားရေးလုပ်ငန်းရှင်ဦးတေဇ နဲ့ ဦးနေအောင်တို့က မီဒီယာတစ်ခုထောင်လာဘို့ရှိသည့်အတွက် ဦးဇော်ဇော်အနေနဲ့လည်း ELEVEN MEDIA ကို သူ့လက်ကိုင်တုတ် မီဒီယာဖြစ်အောင် ကြိုးပမ်းမှုတစ်ရပ်ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အွန်လိုင်းစာမျက်နှာအဖြစ်တင်ထားတဲ့ Soccer Myanmar ဘောလုံးဂျာနယ် ထုတ်ဝေရေးမှာလည်း ဒေါက်တာသန်းထွဋ်အောင်က အစစ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည် ။
Voice Of Myanmar
http://doctorsatephwar.blogspot.com/2011/10/eleven-media-ceo.htmlမှကူးယူဖော်ပြအပ်ပါသည်။

No comments:

Post a Comment