အလွယ်တကူရှာရန်

Thursday, September 8, 2011

KIA ၏နင်းမိုင်းဖြင့်အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံး၊တစ်ဦးဒဏ်ရာရ

         စက်တင်ဘာ ၃ ရက်နေ့တွင် ၀ိုင်းမော်မြို့နယ်၌ KIA အဖွဲ့မှထောင်ထားသည့် နင်းမိုင်းဖြင့် အပြစ်မဲ့
ပြည်သူတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့...
         ကချင်ပြည်နယ် ၀ိုင်းမော်မြို့ အမှတ်(၃)ရပ်ကွက်နေ မောင်လွမ်းဇယ် နှင့် ၀ိုင်းမော်မြို့နယ် ဘိသရာကျေးရွာ နေ မောင်ဘရန်မိုင် တို့ နှစ်ဦးသည် စက်တင်ဘာ ၃ ရက် မွန်းလွဲပိုင်းတွင် ကျွဲပျောက်လိုက်လံ ရှာဖွေရာမှ တဘက်ချောင်းအနီး အရောက်တွင် KIA အဖွဲ့ မှ ထောင်ထားသော မိုင်းတစ်လုံး နင်းမိပြီး မောင်လွမ်းဇယ် ၏ ခြေထောက်၊၀မ်းဗိုက် နှင့် မျက်နှာတို့တွင် မိုင်းစများထိမှန်ကာ
သေဆုံးသွားခဲ့ကြောင်း မောင်ဘရန်မိုင် ၏ မျက်နှာ နှင့် ရင်ဘတ် တွင် မိုင်းစများ ထိမှန်ဒဏ်ရာ ရရှိခဲ့သဖြင့်
ဝိုင်းမော်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသပေးလျက်ရှိကြောင်း သိရှိရသည်။


        ကချင်ပြည်နယ်အတွင်းရှိဒေသခံတိုင်းရင်းသားများကသာမက နိုင်ငံတ၀န်းရှိ ပြည်သူအားလုံးကလည်း
KIA အဖွဲ့ အား ဥပဒေ ဘောင် အတွင်းဝင်ရောက်ပြီး ပြည်နယ်အကျိုး နှင့် ပြည်ထောင်စု အကျိုးစီးပွားအတွက် ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်း ဆောင်ရွက်ကြရန် လိုလားလျက်ရှိကြပြီး
ဒေသတွင်း မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း ၊ အချင်းချင်းပစ်ခတ် သတ်ဖြတ်ခြင်း ၊ အများပြည်သူ သွားလာလှုပ်ရှားလေ့ရှိသော နေရာများတွင် ယခုကဲ့သို့ မိုင်းများထောင်ထားခြင်း စသည့် အဖျက် လုပ်ငန်း
များကို မပြုလုပ်စေလိုကြကြောင်းသတင်းရရှိသည်။
           
စက်တင်ဘာလ ၈ ရက်နေ့ထုတ် ကြေးမုံ သတင်းစာ စာမျက်နှာ ၅ ပါ သတင်းစဉ် ကိုဖော်ပြပါသည်။
          
       

No comments:

Post a Comment