စဉ်းစားပြီးမှ လက်ခံ
"ကာလာမတို့၊သင်တို့သည် သူတစ်ပါးပြောသော စကားဖြင့်လည်းကောင်း၊ဤသို့ကြားဖူး ၏ ဟူ၍ သော်လည်းကောင်း၊အစဉ်အလာယုံမှတ်ခဲ့သည့်အရာ ဟူ၍ လည်းကောင်း နားမယောင်ကြလင့်။ထိုနည်းတူ ကျမ်းဂန်၌ လာသည်ဟူ၍ လည်းကောင်း၊ယုတ္တိ ယုတ္တာရှိသည်၊ဤသို့ဖြစ်ရာ၏ဟု ကောက်ချက်ချ
နိုင်သည်၊မှန်းဆတွေးတောသောအခါ ကျေနပ်လောက်ဖွယ်ရှိသည်၊သို့တည်းမဟုတ် ယခုပြောသောသူကား တို့ဆရာဖြစ်သည် ဟူသောအားဖြင့်လည်းမယုံမှတ်ကြလင့်။
အို့ ကာလာမတို့၊သင်တို့သည် မိမိတို့ကိုယ်တိုင်အားဖြင့်ဤအရာများကားမကောင်း၊
မသင့်တော်၊ကဲ့ရဲ့ပြစ်တင်အပ်သော အရာများဖြစ်သည်၊အသိပညာရှိသူတို့လက်မခံငြင်းဆန်သော
အရာများဖြစ်သည်၊လက်တွေ့ကျင့်ကြံသော အခါ၌ ဆုံးရှုံးခြင်း စိတ်ညစ်ညူးခြင်း ကိုသာဖြစ်စေသည် ဟူ၍ တွေ့ရှိရသည်ဖြစ်အံ့။ထိုအရာများအားငြင်းပယ်ကြကုန်လော့။သို့သော် တစ်ကြိမ် တစ်ခါ၌ သင်တို့သည် သင်တို့ကိုယ်တိုင်အားဖြင့် ဤအရာများကား သင့်၏ ၊ ကောင်း၏ ၊ ကဲ့ရဲ့ပြစ်တင်စရာမရှိ ၊
ပညာရှိများချီးမွမ်းကြ၏ ၊ လက်တွေ့ကျင့်ကြံသော အခါ၌ ချမ်းသာခြင်း ၊ စိတ်ရွှင်လန်းခြင်းကိုသာ ဖြစ်စေ၏
ဟူ၍ တွေ့ရှိရအံ့။ကာလာမတို့ ထိုအရာများအား ဆောင်ကြကုန်လော့ ၊ ကျင့်ကြံကြကုန်လော့။"
[ကာလာမ မင်းသားတို့အား ဗုဒ္ဓဟောကြားသောစကား]
ကိုယ်ပိုင်ဥာဏ်
"မည်သည့်ကိစ္စရပ်မျိုး ၌မဆို ကိုယ်ပိုင်ဥာဏ်ထုတ်၍ စဉ်းစားလေ့ရှိသူကား လူတစ်ရာတွင် ဆယ့်ငါးယောက် ပြည့်အောင်မရှိတတ်ပေ။လောက၌ လူအများစုအား အကြီးကျယ်ဆုံး နှိပ်စက်နိုင်သည့်အရာမှာ စဉ်းစားခိုင်းခြင်းပင် ဖြစ်သည်။"
လူသာ ဗားဗင့်
ကိုယ့်အားကိုယ်ကိုး
"သင့်အား မည်သူမျှ အပေါ်အမြင့် သို့ရောက်အောင် ကြိုးဖြင့်ဆွဲမတင်နိုင်။ကြိုးကိုကြာကြာဆုပ်ကိုင်မထားနိုင်သောအကြောင်းကြောင့်ပင် သင်ပြုတ်ကျမည် ဖြစ်ရ၏ ။ သို့သော် ကိုယ့်ခြေထောက်ပေါ် ကိုယ်
ရပ်၍ တက်လျှင်ကား အမြင့်ဆုံးတောင်ထိပ်သို့ ရောက်အောင်ပင်သင်တက်နိုင်မည်ဖြစ်၏။"
ဘရန်ဒိုက်စ်
အခြေအနေ
"အခြေအနေ မပေးလို့ ဆိုတဲ့စကား ကျွန်တော်လက်မခံဘူး။လောကမှာ အောင်မြင်ကြီးပွားနေသူမှန်သမျှဟာ ကိုယ်လိုချင်တဲ့အခြေအနေကို ကိုယ်လိုက်ရှာတဲ့ သူတွေ ၊ ရှာလို့မတွေ့ရင်ကိုယ်တိုင်ဖန်တီးယူ
တဲ့သူတွေသာဖြစ်သည်။"
ဂျော့ခ်ျ ဘားနဒ် ရှော
ပြတ်သားသူ
"မပြတ်သားသူ သည် ခေါင်းဆောင် မဖြစ်နိုင် ။ ဥာဏ် အမြော်အမြင် ဖြင့် စဉ်းစားဆင်ခြင်ကာပြတ်ပြတ်သားသား ဆုံးဖြတ်၍ ရဲရဲဝံ့ဝံ့ ဆောင်ရွက်သူသာ ခေါင်းဆောင်ကောင်း ဖြစ်လာနိုင်၏။"
ယိုပေါက်သေးသေး ဒုက္ခပေးတတ်သည်
"အသေးအဖွဲ အသုံးစရိတ် ဆိုသည်များ ကို သတိထားပါ အပေါက် ကလေးသေးသေး မှ တစိမ့်စိမ့်စီးဝင်ရင်း သင်္ဘော တစ်စီးလုံး နစ်မြုပ်သွားတတ်သည်။"
ဘင်ဂျမင် ဖရန်ကလင်
ကိုယ့်စကား ကိုယ် နားလည်ပါ
"သင်ပြောမည့် စကား၏ အဓိပ္ပါယ် ကိုသိအောင်ဦးစွာလေ့လာပါ ၊ ပြီးတော့မှ ပြောပါ။"
အက်ပစ်တီးတပ်စ်
နှလုံးသား နှင့် နှုတ်ဖျား
"ပညာရှိ ၏ နှုတ်ခမ်းသည် နှလုံးသားထဲတွင် ကိန်းအောင်း၏။ လူမိုက်၏ နှလုံးသားကား သူ့နှုတ်ဖျား မှာပင် တည်ချေသည်။"ရှောလမုန် ဘုရင်
တိတ်တိတ်နေ ထောင်တန်
"ဆိတ်ဆိတ်နေပါ ။ သို့မဟုတ် ဆိတ်ဆိတ်နေခြင်း ထက် ပို၍တန်ဖိုးရှိသော စကားကိုဆိုပါ။"
ပိုက်သာဂိုးရပ်စ်
ခရီးဆောင် စာကြည့်တိုက်
"စာဖတ်ပါ။ သင့်ကုတ်အင်္ကျီအိတ်ကို ခရီးဆောင် စာကြည့်တိုက်အဖြစ် အသုံးချပါ။"
ရပ်ဆယ် ကွန်းဝဲလ်
အဓိပ္ပါယ် ကင်းမဲ့ခြင်း
"သင်စိုးရိမ်ပူပန်နေသောအရာတို့၏ ၉၉ ရာခိုင်နှုန်းမျှသည် လုံးဝဖြစ်လာလိမ့်မည် မဟုတ်"စိတ်ပညာသုတေသီများ
မယုံကြည်ဘူးလား
"သည်ကနေ့ သင်စိုးရိမ် ပူပန်နေသော အကြောင်းအရာ ကြီးငယ်အားလုံးကို စာရွက်တစ်ရွက်တွင် နံပါတ်စဉ် ထိုးပြီးချရေးပါ။ အသေးအဖွဲမှသည် အကြီးအကျယ်အထိ အကုန်ပါပါစေ ။ သို့သော် လောလောဆယ် သင်တကယ် စိုးရိမ်မိသော အရာများ ဖြစ်ပါစေ ။ ထို့နောက် ငှင်းစာရွက်ကို ခေါက်သိမ်းထားလိုက်ပြီး တစ်လတိတိ ကြာသောအခါပြန်ဖတ်ကြည့်ပါ ။ သင်စိုးရိမ်ခဲ့သောအရာတွေ သည် အဘယ်မျှ အဓိပ္ပါယ် ကင်းမဲ့ သည် ၊ ယင်းတို့အတွက် စိုးရိမ်နေခဲ့ ခြင်းသည် ဘယ်လောက် အချိန်ဖြုန်း ရာရောက်သည်ကို သင်ကောင်းစွာ သဘောပေါက်ရပါလိမ့်မည်။"
အခွန်အတုတ် ကြီးလေးစွာပေးနေရသူများ
"မိတ်ဆွေတို့ အိမ်နီးချင်းများတို့ ။ ကျွန်တော်တို့ ပေးဆောင်ကြရတဲ့ အခွန်အတုတ်တွေ အလွန်အမင်း ကြီးလေးနေတယ်ဆိုတာ အမှန်ပါပဲ ။ အကယ်၍ အစိုးရ ချမှတ်ထားတဲ့ အခွန်အတုတ် တစ်ခုတည်းသာဆိုလျှင် ကျွန်တော်တို့ အလွယ်တကူ ပေးဆောင်နိုင်မှာပါ ။ ဒါပေမယ့် ကျွန်တော်တို့မှာ
တစ်ခြားပေးစရာတွေ အများကြီးရှိနေပါတယ် ။ ကျွန်တော်တို့ အထဲမှ တချို့ လူများ အတွက် ဆိုလျှင် အစိုးရ ပေးရမှာထက်ကို အဆမတန် လေးလေးလံလံ တွေ ဖြစ်နေတယ် ။ ပျင်းရိခြင်းအတွက် ပေးနေရတာ
ဟာ အခွန်တော်ငွေ ရဲ့ နှစ်ဆလောက်ရှိတယ် ။ ကြွားဝါချင် တဲ့အတွက် က သုံးဆ ၊ မိုက်မိုက်မဲမဲမဆင်မခြင်
လုပ်မိတာအတွက်က လေးဆ ။ ဒီဟာတွေအတွက်ကျတော့ ဘယ်အခွန် မင်းကြီး ကမှ လျှော့ပေါ့ မပေးနိုင်
ဘူး။ သက်ညှာကင်းလွှတ်ခွင့် မပြု နိုင်ဘူး ။"
ဘင်ဂျမင် ဖရန်ကလင်
မှားမှာကြောက်သည့်စိတ်
"အမှားလုံးဝ ကျူးလွန်ခဲ့ခြင်း မရှိဟူသောသူကား ဘာတစ်ခုမျှ မလုပ်ကိုင်ခဲ့သူသာ ဖြစ်သည် ။ စင်စစ် အမှားတကာ့အမှားထဲတွင် ထိုသို့ ဘာတစ်ခုမျှ မလုပ်ခြင်း ဟူသည် ပင် အကြီးမားဆုံး အမှား ဖြစ်ချေသည်"
ဒေါက်တာ ၀ီလျံရေလီ
အလုပ်သည် ဆေးတစ်ပါး
"စိုးရိမ်ကြောင့်ကြ စိတ်ကို ပယ်ဖျောက် နိုင်သည့် အဓိကအရာမှာ အလုပ်ဖြစ်သည် ။ လူသည်ကိုယ်မအား စိတ်မအားဖြစ်နေသည့် အချိန်၌ စိုးရိမ်ကြောင့်ကြစိတ် မဖြစ်ပေါ်နိုင်ပေ ။ အလုပ်လုပ်ခြင်းဖြင့်
ကြောင့်ကြစိတ်ပျောက်နေစေနိုင်သကဲ့သို့ စိုးရိမ်ကြောင့်ကြ ဖြစ်ရသည့် အဓိကအကြောင်းအရင်းများကို
လည်း ပယ်ရှင်းနိုင်မည် ဖြစ်ပါသည်။"
အရေးအကြီးဆုံး သဘောတရားက ကိုယ့်ကိုယ်ကိုယ် မညာဖို့ပဲ။ ပြီးတော့ လူဟာ ကိုယ့်ကိုယ်ကိုယ် ညာမိဖို့ အလွယ် ဆုံးဆိုတာလည်း သိရမယ်။
ရစ်ချတ်ဖိုင်းမန်း (၁၉၁၈-၁၉၈၈)
ဘာသာတရားတွေကို ပိုပြီး လေ့လာမိလေလေ၊ လူတွေ ဟာ အခြားအရာတွေကို ကိုးကွယ်နေတာမဟုတ်ဘဲ ကိုယ့် ကိုယ်ကိုယ်ပဲ ကိုးကွယ်နေတယ်ဆိုတာ ပိုပြီးသိလာလေလေပဲ။
ဆာရစ်ချတ်ဖရန့်စစ်ဘာတန် (၁၈၁၂-၁၈၉ဝ)
“ကျွန်ုပ်တို့သည် သမိုင်းကို လွတ်အောင် ရှောင်ပြေးလို့မရနိုင်ကြပါဘူး”
လင်ကွန်း
ကျွန်ုပ်တို့သည် မျှော်လင့်မှုအရ ကတိပေးလေ့ရှိကြပြီး စိုးရွံ့မှုအရ လုပ်ဆောင်တတ်ကြပေသည်။
လာရိုခ်ျ ဖိုကော်လ်
ဒီမိုကရေစီမှာ မင်းထက်ငါက ပိုတော်တယ်လို့ မပြောဘူး။ မင်းက ငါ့ထက်ပိုတော်တယ်လို့သာ ပြောကြတယ်။
ပါကာ
ကိုယ့်ကိုယ်ကိုယ် မယုံတဲ့လူဟာ ဘယ်သောအခါမှ တခြားလူကို မယုံဘူး။
ဗိုလ်ချုပ်အောင်ဆန်း
လူတွေသည် ကိုယ်ကျင့်တရားမကောင်း၊ ဆင်ခြင်တုံတရား မရှိဖြစ်ချင်တိုင်းဖြစ်၊ လွတ်ချင်တိုင်း လွတ်နေ၍ ဒီမိုကရေစီအသွင်အပြင်များ ဆုံးပါးသွားရသည်။
ဆိုကရေးတီး
“ဘယ်ကိစ္စမဆို မှားတယ်၊ မှန်တယ်ဆိုတာ ရာဇဝင်က ဆုံးဖြတ်လိမ့်မယ်”
ဗိုလ်ချုပ်အောင်ဆန်း
နှလုံးသားဖြူစင်ပြီဆိုလျှင် တာဝန်ဆိုသော အသိသည် အလိုလိုပေါ်ပေါက်မြဲဖြစ်သည်။
နိုင်ငံရေးဆိုတာ ရိုးသားဖြူစင်တဲ့ အလုပ်ပဲလို့ ဘယ်တော့မှ မထင်လိုက်ပါနဲ့။
နိုင်ငံရေးဆိုတာ သူ့ထက်သူကောင်းအောင် လုပ်ဆောင်နေရတဲ့ အနုပညာရပ်ပဲ ဖြစ်တယ်။
စစ်ပွဲမှာ တစ်ခါပဲသေမယ်။ အဲ . နိုင်ငံရေးမှာကျတော့ အခါခါသေတတ်တယ်။
အားသိပ်ကြီးတဲ့နိုင်ငံနဲ့ ပေါင်းရမယ်ဆိုရင် အနိုင်အကျင့်ခံရသလောက် ခံရမှာပဲ။
အဲဒါကမ္ဘာ့နိုင်ငံရေးပဲ။
“အဆိုးမြင်ဝါဒသမားသည် လူတိုင်းအား သူကဲ့သို့ပင် သဘောယုတ်သူများဟု ထင်မှတ်ပြီး ထိုအထင်နှင့်ပင် လူတိုင်းအား မုန်းတီးသည်”
ဂျော့ဘားနတ်ရှော
“ခိုင်မာသောကျိုးကြောင်းများက စွမ်းစွမ်းတမံရှိသည့် လုပ်ငန်းများ ဖြစ်ပေါ်စေသည်”
ဝီလျံရှိတ်စပီးယား
“အမှားအမှန်ကို ခွဲခြားသိမြင်၍ ပြုပြင်ပြောင်းလဲစိတ်ရှိသူသည် အကျိုးအကြောင်းကို လွယ်လင့်တကူ လက်ခံပေလိမ့်မည်”
ဖရက်ဒရစ်စကယ်လာ
“ကတိပေးရာ၌ အနှေးဆုံးလူသည် လုပ်ဆောင်မှုများပြုလုပ်ဆောင်ရွက်ရာတွင် ကတိ အတိုင်း တစ်သဝေမသိမ်း လုပ်ဆောင်သည်”
ဂျင်းဂျက်ရူးဆိုး
မြှောက်ပင့်ပြောဆိုသူများသည် အဆိုးဝါးဆုံး သစ္စာဖောက်များဖြစ်သည်။
ရစ်ချယ်လူ
ယနေ့ခေတ်ကြီးမှာ အကြွင်းမဲ့ ပြီးပြည့်စုံတဲ့ အစိုးရဆိုတာ ဘယ်နိုင်ငံမှာမှ ရှိနိုင်မှာ မဟုတ်ပါဘူး။
ပီတာဒရပ်ကာ
ယုံကြည်ချက်တစ်ခုတည်းဖြင့် အရာရာကို ကောင်းလှပြီလို့ မဆုံးဖြတ်သင့်ပေ။
မာတင်လူသာ
ကိုယ့်ကိုယ်လာ မလုပ်စေချင်တဲ့ကိစ္စ သူများကို သွားမလုပ်ပါနဲ့။
ကွန်ဖြူးရှပ်
ဆာလောက်နေတဲ့ သူတွေအတွက် အစားအစာကြော်ငြာ မလိုအပ်ဘူး။ အအေးမိနေတဲ့ လူတွေအတွက် လောင်စာကြော်ငြာ မလိုအပ်သလို အိမ်ရာမဲ့တွေအတွက် အိမ်ကြော်ငြာဆိုတာ မလိုအပ်ဘူး။
ဂျွန်ကင်နက်ဂေါဘရိတ်(၁၉၀၈)
ခေါင်းဆောင်ဆိုတာ နေရာယူဖို့မဟုတ်ဘူး။ လုပ်ဆောင်ဖို့သာဖြစ်ပေတယ်။
ဒေါ်နယ်အိတ်ခ်ျမက်စ်ဂန်နွန်
သစ္စာတရားဆီသို့ သွားရာလမ်းကြောင်းကို မည်သူတစ်စုံတစ်ဦးကမျှ တားဆီးပိတ်ဆို့၍ မရပါ။
ဆိုဇင်နစ်
လူတစ်ဦး၏ ဘဝ၌ ရိုးသားဖြောင့်မတ်မှု မရှိပါဘဲ ကောင်းကျိုးမဖြစ်ထွန်းနိုင်။
ကွန်ဖြူးရှပ်
နိုင်ငံရေးဆိုတာ တစ်ခါတစ်ရံမှ အစည်းအဝေးလုပ်ပြီးတော့ စင်မြင့်ပေါ်က ပြောတဲ့လူကပြော၊ နားထောင်တဲ့လူက နားထောင်တဲ့ ကိစ္စမျိုးမဟုတ်ဘူး။
ဗိုလ်ချုပ်အောင်ဆန်း
လွတ်လပ်ခြင်း၊ အတန်းအစားခွဲခြားခြင်း၊ သွေးရင်းသားရင်း စိတ်ထားခြင်းသည် ဒီမိုကရေစီစနစ်၏ အဓိက အင်္ဂါရပ်များပေတည်း။
ထို့ကြောင့် ထိုအင်္ဂါရပ်များကို ကြီးပွားအောင် ကျင့်နိုင်သော တိုင်းပြည်များတွင် အုပ်ချုပ်နည်းသည် အပ်သွားချည်ပါ ဒီမိုကရေစီအုပ်ချုပ်နည်း ဖြစ်လာသည်။
ဒေါက်တာ ဆွန်ယက်ဆင်
နိုင်ငံရေး လုပ်ငန်းဟာ စီးပွားရေးလုပ်ငန်းအားလုံးရဲ့ အသက်သွေးကြောဖြစ်တယ်။ လူမှုစီးပွားရေးစနစ်ကို အရင်းအမြစ်ကနေပြီး ပြောင်းလဲနေတဲ့ ကာလမှာ ဒီအချက်ဟာ အထူးတလည် မှန်ကန်တယ်။
မော်စီတုန်း
No comments:
Post a Comment