အလွယ်တကူရှာရန်

Tuesday, October 25, 2011

KNU တို့ရဲ့ ပြည်သူများအပေါ် ရက်စက်မှု

ပဲခူးတိုင်း ဒေသကြီးတွင် KNU ထောင်ထားသော မိုင်းများ နင်းမိသဖြင့် အပြစ်မဲ့ ပြည်သူ နှစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရရှိ
ပဲခူးတိုင်း ဒေသကြီး ထန်းတပင် မြို့နယ် ကနစိုးပင် ကျေးရွာနေ စောပုတီ အသက် (၃၀) သည် အောက်တိုဘာ ၂၀ ရက် နံနက် ၅ နာရီခွဲ ခန့်တွင် တောခုတ်ရန် တောင်ယာသို့ သွားစဉ် ရွာနှင့် (၃)မိုင်ခန့် အကွာ၌ KNU အဖွဲ့က ထောင်ထား သော မိုင်းတစ်လုံး နင်းမိ သဖြင့် ဘယ်ခြေဖနောင့် ပွင့်ထွက်ပြီး ညာဒူးတွင် မိုင်းစများ ထိမှန်သည့် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ထို့အတူ အောက်တိုဘာ ၂၁ ရက် နံနက် ခြောက်နာရီခွဲခန့်က ကျောက်ကြီး မြို့နယ် မူသဲ ကျေးရွာမှ ရွာသား ငါးဦးသည် ဟင်းသီး ဟင်းရွက် ရှာဖွေရန် ရွာမှ ထွက်လာစဉ် ရွာ၏ အရှေ့ဘက် (၃)မိုင်ခန့် အကွာတွင် မခင်မြင့်မြင့်မော် အသက် (၃၂)နှစ်သည် KNU အဖွဲ့က ထောင်ထားသော မိုင်းတစ်လုံး နင်းမိ၍ ဘယ် ခြေကျင်းဝတ်မှ ပြတ်သည့် ဒဏ်ရာ ရရှိခဲ့သဖြင့် ရွာသို့ ပြန်လည် သယ်ဆောင် လာစဉ် ရွာနှင့် (၂)မိုင်ခန့် အကွာ၌ ၎င်းတို့နှင့် အတူ ပါလာသော မောင်သက်သက်အောင် အသက်(၂၀)သည် မိုင်းတစ်လုံး ထပ်မံ နင်းမိ သဖြင့် ညာ ခြေကျင်းဝတ်မှ ပြတ်ဒဏ်ရာ ရရှိခဲ့ပြီး မောင်ဝင်းနိုင် (၁၆)နှစ် သည်လည်း ကြောက်လန့် သဖြင့် ထွက်ပြေးရာမှ နေရာ အနီး၌ပင် မိုင်းတစ်လုံး ထပ်မံ နင်းမိ ပေါက်ကွဲ ခဲ့၍ ဘယ် ခြေကျင်းဝတ်မှ ပြတ်ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရသည်။
ကျောက်ကြီး မြို့နယ် မူသဲ ကျေးရွာမှ မိုင်းထိ လူနာများအား ကျေးရွာ သို့ ပြန်လည် သယ်ဆောင် လာစဉ် မခင်မြင့်မြင့်မော် နှင့် မောင်သက်အောင် တို့မှာ လမ်း၌ သေဆုံး ခဲ့ပြီး မောင်ဝင်းနိုင် မှာ ကျောက်ကြီး မြို့နယ် ပြည်သူ့ ဆေးရုံသို့ လည်းကောင်း၊ ထန်းတပင် မြို့နယ် ကစိုးပင် ကျေးရွာမှ မိုင်းထိ လူနာ စောပုတီအား မုန်းတိုက်နယ် ဆေးရုံသို့ လည်းကောင်း တာဝန်ရှိသူ များနှင့် ရွာသားများက ပို့ဆောင်၍ ဆေးဝါး ကုသကာ လိုအပ်သည်များ ကူညီ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။
http://kyeesaytaman.blogspot.com/2011/10/knu.html မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment