အလွယ်တကူရှာရန်

Monday, April 30, 2012

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသို့ပေးစာ

 လူမျိုးကိုချစ်တယ် ပြည်ထောင်စုကိုချစ်တယ်..ပြည်နယ်လွတ်မြောက်ရေးအတွက် ဆိုပြီး အော်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ လုပ်ရပ်တွေဟာ ၎င်းတို့ကြွေးကြော်နေသောအော်သံများနှင့် မည်သို့မည်ပုံသက်ဆိုင်နေသည်မှာ မေးခွန်းထုတ်စရာပင်ဖြစ်လာပေပြီ...


  • ပြည်နယ်တွင်းအဖျက်အမှောင့်လုပ်ငန်းတွေလုပ်ဆောင်နေတာဟာ ပြည်နယ်နှင့်တိုင်းရင်းသားတွေကိုချစ်လို့လား ?
  • ပြည်နယ်တွင်း ဘိန်းစိုက်ခင်းများ စိုက်၍ ရောင်းချမှု့များလုပ်ဆောင်နေသည် မှာ မိမိတိုင်းရင်းသားလူမျိုးများ တိုးတက်မှု့အတွက်လား ?
  • လက်နက်ကိုင်သောင်းကျန်းသူ အချင်းချင်း လူမျိုးရေးခွဲခြားဆက်ဆံတာ တရာမျှတတဲ့ဆက်ဆံရေးလား ? မြန်မာနိုင်ငံသားချင်းချစ်တဲ့စိတ်လား ?
  • မိမိ ဆန္ဒမပါပဲ အတင်းအဓ္ဓမ အဖွဲ့အစည်းထဲ ဝင်ခိုင်းတာ မိမိပြည်နယ်တွင်းရိုးသားစွာ လုပ်ကိုင်စားသောက်နေတဲ့ တိုင်းရင်းသားချင်း ကြည့်ရှူ့စောင့်ရှောက်မှု့လား?
  • လက်နက်အားကိုးပြီး ပြည်နယ်တွင်းရှိရွာများကိုရွှေ့ပြောင်းခိုင်းပြီး သမီးပျိုများကို အလိုမတူပါလျက် ဖျက်ဆီးတာ တိုင်းရင်းသားချင်း ကူညီနေတာလား ?
  • တိုင်းပြည်နှင့်လူမျိုးအကျိုးရှေးရှူ့လျက် အနယ်နယ်အရပ်ရပ်မှာ တိုးတက်လာအောင် အဖက်ဖက်မှ ကြိုးစားလုပ်ဆောင်နေတဲ့ အချိန်မှာ အုတ်တစ်ချပ်သဲတပွင့်မပါဝင်ပါဘဲ မိမိပြည်နယ်တွင်းရှိ လမ်းတံတားများ အဆောက်အအုံးများကိုဖျက်ဆီး ၊ အပြစ်မဲ့ပြည်သူများကိုရက်စက်စွာသတ်ဖြတ် နေတာတွေဟာ မိမိပြည်နယ် လွတ်လပ်ရေး တိုးတက်ရေးအတွက် လုပ်ဆောင်နေကြတာလား ? 
             ကိုယ်တိုင်နားလည်သင့်ပြီလို့မျှော်လင့်ပါတယ်.... ထိုသို့ နားလည်စွာ တိုင်းရင်းသားလူမျိုးများရဲ့ရင်ခွင်ထဲကို ပြန်လည်ဝင်ရောက်လာမည်ဆိုလျှင်ဖြင့် မိမိတို့ တိုင်းရင်းသားလူမျိုးများမှနွေးထွေးကြင်နာစွာ ဆီးကြိုနေမည်ဆိုသည်မှာ ယုံမှားသံသယဖြစ်ဖွယ်မဟုတ်ကြောင်း အောက်မှ movie file များမှ သက်သေပြနေပေသည်။။




No comments:

Post a Comment