အလွယ်တကူရှာရန်

Thursday, September 1, 2011

ထားဝယ်ရေနက်ဆိပ်ကမ်း နှင့် သူတို့သဘောထား

                                                               
                 ယခုနှစ် အစောပိုင်း လောက်တုန်းက ထားဝယ် မြို့မှာ ရေနက်ဆိပ်ကမ်းကြီး တခုကို Italian Thai Development Public Co.,Ltd  မှ တာဝန်ယူ တည်ဆောက်တော့မယ်ဆိုတဲ့အကြောင်းကြားတယ်ဗျ..
ကျွန်တော်လဲ အရမ်းဝမ်းသာသွားတာပေါ့။

                ဘာလို့လဲ ဆိုတော့ ရှင်းပါတယ် ကိုယ့်နိုင်ငံ ကလူတွေ အလုပ်အကိုင်အဆင်ပြေကြမယ် ၊ နိုင်ငံခြားဝင်ငွေ ရရှိမှု့တွေတိုးတက်လာမယ် ၊ လမ်းပန်းဆက်သွယ်ရေးတွေ ပိုမိုကောင်းမွန်လာမယ် ၊ လမ်းပန်းဆက်သွယ်ရေးနဲ့တန်းတူ နယ်စပ်ဒေသတွေဖွံ့ဖြိုးလာမယ် ၊ ဖြတ်သန်းသွားလာမယ့်လမ်းကြောင်းတွေတလျောက် မှာရှိတဲ့မြန်မာပြည်သူပြည်သားတွေအတွက် ပိုမို အဆင်ပြေလာမယ် ၊ မိသာစုနဲ့ခွဲပြီးသူတစ်ပါးနိုင်ငံသွားပြီးအလုပ်လုပ်နေရတဲ့ သူတွေနည်းလာမယ် စတာတွေပေါ့ဗျာ..ပြောရမယ်ဆိုရင်တော့ ကောင်းတာတွေ အများကြီးပေါ့ဗျာ...
အဲ့တာတွေတွေးမိပြီး ကျွန်တော်လဲ တော်တော် ပျော်နေတာဗျာ..

အဲ့တာနဲ့ ကျတော်လဲ အပြည့်အစုံ သိချင်တာနဲ့ အင်တာနက်ပေါ်တက်ရှာကြည့်တယ်။အဲ့မှာ မထင်မှတ်ပဲ post တစ်ခု ကိုဖတ်လိုက်ရတယ်..အဲ့ post ကိုဖတ်ပြီးကျွန်တော့်အပျော်တွေလဲပျောက်သွားတယ်ဗျာ..
အဲ့ အပျော်တွေနေရာမှာ အထင်သေးစိတ်တွေ ဒေါသတွေ ၀င်လာတယ်..

           သူတို့ရေးတဲ့ post ထဲ မှာ အရုပ်ဆိုးအကျည်းတန်တာတွေ၊အခြေအမြစ်မရှိတာတွေ၊မိမိ နိုင်ငံ တိုးတက်မယ့်အရေးကို မလိုလားတာတွေ ၊ လိုချင်တဲ့ အခြေအနေတစ်ခု ကိုပဲ ဦးတည်ပြီး လိုရာ ဆွဲပြောမှု့တွေ၊၀ါဒဖြန့်မှု့တွေ ၊ ကလေးလောက်မှ မရှိတဲ့ အသိဥာဏ် တွေတွေ့လာရတယ်။
ဘယ် post ကို ဆိုလိုနေတာလဲဆိုတာကတော့ Link ကို သွားကြည့်လိုက် ကြပါ။
ဒီ post ကို ဖတ်ပြီး ကျတော် လဲ တော်တော် သံဝေဂ ရတယ်ဗျာ..

          သူရေးထားတာ ဘာတဲ့ "(အထက်ပါဆောင်းပါးပါ အကြောင်းအရာအားလုံးသည် ကျွန်တော်၏ ထင်မြင်ယူဆချက်များအား ကိုးကား၍ရေးသားထားခြင်းဖြစ်သည်၊ အမှားအမှန်ပေါ်တွင် တာဝန်မယူပါ။
 သင်တို့၏ ထင်မြင်ယူဆချက်များအားလည်း မျှဝေပါရန် တောင်းခံအပ်ပါသည်။)"တဲ့

အဲ့မှာ သူ့ရဲ့ တာဝန်ယူမှု့ ကင်းမဲ့တဲ့ မြင့်မားသောစိတ်ဓါတ်ကြီးကို ထပ်တွေ့ရတယ်ပေါ့..ကျွန်တော်ရဲ့ စက်ဆုပ်ရွံ့ရှာမှု့ ကတော့ တော်တော်မြင့်နေပြီ။

သူတောင်းထားတဲ့ ထင်မြင်ယူဆချက်လေးတော့ပေးမယ်ဆိုပြီး အောက်ဆက်ဆင်းလိုက်တော့မှ သူတို့ရဲ့ အလုံးစုံ ပြီးပြည့်စုံတဲ့ သဘောထားကိုတွေ့လိုက်ရတော့တယ်။ 

ရေးထားတာက ဒီလိုလေးပါ "မှတ်ချက်များပေးရာတွင် ပါတီအဖွဲ့ချုပ်ကြီးအား ထိခိုက်စေသော (သို့) နစ်နာစေသော စကားလုံးများသုံးစွဲခြင်းအား ခွင့်ပြုမည်မဟုတ်ပါ။"တဲ့...

သူတို့ပြောပြောနေကြတဲ့လွတ်လပ်စွာဝေဖန်နိုင်ရမယ်ဆိုတာတွေဘယ်ရောက် ကုန်ကြသလဲ ။ သူတို့ ဒီလောက်ပြောဆိုခဲ့ကြတဲ့ "လွတ်လပ်မှု့" ကို သူတို့ကိုယ်တိုင် လက်မခံ နိုင်တာသွားတွေ့ ရတယ်ဗျာ...

အထက်ပါ စာသားလေး ကိုတွေ့လိုက်တဲ့ အချိန်မှာပဲ ကျွန်တော့် ရဲ့ ထင်မြင်ချက်လေးတွေပေးချင်တဲ့ စိတ်ကူးလဲ နိတ္ထိတံ သွားတော့တယ် ဗျာ။ ကျွန်တော်ရေးလဲ ကျွန်တော့် ယူဆချက်လေးတွေက
စာဖတ်ပရိတ်သတ် တို့ဆီ မရောက်ပဲ သူတို့လက်ထဲတင် ပျက်စီးပျောက်ကွယ် ရတော့မှာကိုးဗျ။ကျွန်တော်ကအဲ့လိုတော့လဲ အဖြစ်မခံနိုင်ဘူးကိုးဗျ...

ဒါပေမယ့် ကျွန်တော် ဒီခံစားချက်လေးတွေ ကိုတော့ပြောပြချင်သေးတယ်ဗျာ။သို့ပေမယ့် အလုပ်မအားတာကတစ်ပိုင်း ဘယ်နားသွားရေးရမှန်းမသိသ်ာကတစ်ပိုင်း နဲ့ ကျွန်တော့် ဆန္ဒ လေးတွေကို ရင်ထဲမှာပဲမျိုသိပ်ထားခဲ့ရတာအခုတော့ ကျွန်တော် အလုပ် ကနေ တစ်ပတ် အနားရတဲ့ အချိန်မှာ အခုလို ကိုယ်ပိုင် ဘလော့လေးတခုဖန်တီးပြီး ရင်ဖွင့် ရင်းနဲ့ပဲ မှားယွင်းသော သဘောထားများ အမြင်မှန် ဖို့ အချိန်တန် လို့ အမှန်ကိုမြင်ပြီး မိမိ နိုင်ငံ အကျိုးကို မိမိ တတ်စွမ်းသလောက် တစ်ထောင့်တစ်နေရာမှ ရွက်ဆောင်နိုင်ကြပါစေလို့ တောင်းဆုပြုရင်း...................

                                                                                                                                                                                                                                                                                                                                                                 

No comments:

Post a Comment