အလွယ်တကူရှာရန်

Thursday, October 27, 2011

KIAရဲ့လုပ်ကြံသတင်းများဘယ်သူမှမယုံ

မြစ်ကြီးနာမြို့ပေါ်က-ကချင်အများစုနေတဲ့ရပ်ကွက်တွေမှာကောလဟလသတင်းတွေပြန့်နေတယ်လို့ ကချင်သင်းအုပ်ဆရာတစ်ဦးက KDNသို့ ပြောဆိုပါတယ်။ သင်းအုပ်ဆရာဦးလနန်ဘောက်နော်က                `` မြစ်ကြီးနားမြို့ ပေါ်မှာရှိတဲ့အဆောက်အဦးနဲ့တံတားတွေကိုအစိုးရစစ်တပ်တွေကဖောက်ခွဲမဲ့အကြောင်း၊ မြစ်ကြီးနားမြို့လယ်ကုန်းရပ်ကွက်မှာရှိတဲ့ဇီးလွန်ဘုရားကျောင်းမှာလဲအစိုးရတပ်က မိုင်းထောင် ထား ကြောင်း၊ပြီးတော့ဗလမင်းထင်တံတားကြီးကိုလဲမိုင်းထောင်ဖောက်ခွဲဖို့လုပ်နေလို့ တံတားရဲ့လုံခြုံရေး အတွက်ခရစ်ယာန်သင်းအုပ်ဆရာတွေကို စောင့်ကြည့်ခိုင်းထားရကြောင်းဆိုပြီး ကချင်ဘာသာနဲ့ စာတွေဖြန့်တယ်လေ`` လို့ ဆက်လက် ပြောပါတယ်။



ဒေသခံလူတွေကတော့ KIA အကြောင်း ကောင်းကောင်းသိနေကြတာမို့ ယုံကြည်မှုမရှိပါဘူး။သူတို့ စိုးရိမ်နေတာက အစိုးရတပ်တွေလုပ်တာပါလို့ပြောပြီး KIA တပ်တွေက သူတို့ဖာသာသူတို့ မိုင်းထောင် ဖောက်ခွဲမှာကိုပဲကြောက်နေကြပါတယ်။KIAတပ်တွေရဲ့အကြမ်းဖက်လုပ်ရပ်တွေကြောင့်သူတို့ကချင်လူမျိုးတွေတော်တော်လေးဂုဏ်သိက္ခာကျဆင်းနေရတယ်လို့လဲ အဆိုပါသင်းအုပ်ဆရာကဆက်လက် ပြောဆို ပါတယ်။KIAတပ်တွေနဲ့အစိုးရပြေပြေလည်လည်ရှိဖို့ သူတို့ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်တွေ ကိုယ်တိုင် ဘယ်လိုပဲကြိုးစားကြိုးစားမအောင်မြင်ခဲ့ပါဘူး။
ခုခါမှာတော့ပြည်သူတွေ အထင်အမြင်မှားအောင် ဘယ်လိုပဲကောလဟလသတင်းတွေထုတ်ပြန် နေပေမဲ့KIAကမန္တလေး-မြစ်ကြီးနားမီးရထားလမ်းကြောင်းမှာဖောက်ခွဲခဲ့တာတွေ၊ တာပိန်ရေအားလျှပ်စစ် စက်ရုံကပြန်လာတဲ့ကားတစ်စီးနဲ့လူတွေကိုရက်ရက်စက်စက်သတ်ဖြတ်ခဲ့တာတွေ၊KIAစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်ကိုယ်တိုင်ကလမ်း၊တံတားတွေဖောက်ခွဲဖျက်ဆီးဖို့ညွှန်ကြားချုက်ထုတ်ပြန်ထားတွေ ဟာKIA အတွက်ငြင်းလို့မရနိုင်တဲ့အဖျက်လုပ်ရပ်တွေဖြစ်ပါတယ်။
အခုရက်ပိုင်းအတွင်းKIA ဗဟိုကထုတ်ပြန်တဲ့ညွှန်ကြားချက်ထဲမှာလဲ ကချင်နိုင်ငံတော်အတွင်း ရန်သူသွားလာနိုင်သောလမ်းကြောင်းများတွင်မိုင်းနှင့်အတားအဆီးများပိုမိုချထားရန်၊အရေးကြီးနေရာများရှိ တံတားနှင့်အဆောက်အဦးများအမြန်ဆုံးဖျက်ဆီးသွားရန် ဆိုပြီး KIA ဒုတိယစစ်ဦးစီးချုပ် အက်စ်ဂွမ်မော်က လက်မှတ်ရေးထိုးထုတ်ပြန်ထားပါတယ်။ မြစ်ကြီးနားမြို့က ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးကတော့KIA အပေါ်မှာ သူ့အနေနဲ့အလွန်ပဲစိတ်ပျက်နေပါတယ်၊KIA အနေနဲ့ စစ်တပ်ကလုပ်တော့မယ်လို့သတင်းလွှင့်ပြီး သူတို့(KIA)တွေလုပ်လိမ့်မယ် မြို့ပေါ်ကအစိုးရရုံးနဲ့ ၀န်ထမ်းတွေ သတိထားဖို့လိုလိမ့်မယ်လို့ ပြောဆိုပါတယ်။ဘာပဲ ဖြစ်ဖြစ် ပြည်သူတွေကKIA  ရဲ့ကောလဟလတွေမယုံကြည်ဖူးဆိုပေမဲ့  မိုင်းခွဲဖျက်ဆီးခံရမှာကိုတော့ စိုးရိမ် ကြောက်လန့်နေကြတယ်လို့ သတင်းရရှိပါတယ်။

http://kachindailynews.blogspot.com/2011/10/kia_26.html မှကူးယူဖော်ပြပါသည်။

Tuesday, October 25, 2011

KNU တို့ရဲ့ ပြည်သူများအပေါ် ရက်စက်မှု

ပဲခူးတိုင်း ဒေသကြီးတွင် KNU ထောင်ထားသော မိုင်းများ နင်းမိသဖြင့် အပြစ်မဲ့ ပြည်သူ နှစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရရှိ
ပဲခူးတိုင်း ဒေသကြီး ထန်းတပင် မြို့နယ် ကနစိုးပင် ကျေးရွာနေ စောပုတီ အသက် (၃၀) သည် အောက်တိုဘာ ၂၀ ရက် နံနက် ၅ နာရီခွဲ ခန့်တွင် တောခုတ်ရန် တောင်ယာသို့ သွားစဉ် ရွာနှင့် (၃)မိုင်ခန့် အကွာ၌ KNU အဖွဲ့က ထောင်ထား သော မိုင်းတစ်လုံး နင်းမိ သဖြင့် ဘယ်ခြေဖနောင့် ပွင့်ထွက်ပြီး ညာဒူးတွင် မိုင်းစများ ထိမှန်သည့် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ထို့အတူ အောက်တိုဘာ ၂၁ ရက် နံနက် ခြောက်နာရီခွဲခန့်က ကျောက်ကြီး မြို့နယ် မူသဲ ကျေးရွာမှ ရွာသား ငါးဦးသည် ဟင်းသီး ဟင်းရွက် ရှာဖွေရန် ရွာမှ ထွက်လာစဉ် ရွာ၏ အရှေ့ဘက် (၃)မိုင်ခန့် အကွာတွင် မခင်မြင့်မြင့်မော် အသက် (၃၂)နှစ်သည် KNU အဖွဲ့က ထောင်ထားသော မိုင်းတစ်လုံး နင်းမိ၍ ဘယ် ခြေကျင်းဝတ်မှ ပြတ်သည့် ဒဏ်ရာ ရရှိခဲ့သဖြင့် ရွာသို့ ပြန်လည် သယ်ဆောင် လာစဉ် ရွာနှင့် (၂)မိုင်ခန့် အကွာ၌ ၎င်းတို့နှင့် အတူ ပါလာသော မောင်သက်သက်အောင် အသက်(၂၀)သည် မိုင်းတစ်လုံး ထပ်မံ နင်းမိ သဖြင့် ညာ ခြေကျင်းဝတ်မှ ပြတ်ဒဏ်ရာ ရရှိခဲ့ပြီး မောင်ဝင်းနိုင် (၁၆)နှစ် သည်လည်း ကြောက်လန့် သဖြင့် ထွက်ပြေးရာမှ နေရာ အနီး၌ပင် မိုင်းတစ်လုံး ထပ်မံ နင်းမိ ပေါက်ကွဲ ခဲ့၍ ဘယ် ခြေကျင်းဝတ်မှ ပြတ်ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရသည်။
ကျောက်ကြီး မြို့နယ် မူသဲ ကျေးရွာမှ မိုင်းထိ လူနာများအား ကျေးရွာ သို့ ပြန်လည် သယ်ဆောင် လာစဉ် မခင်မြင့်မြင့်မော် နှင့် မောင်သက်အောင် တို့မှာ လမ်း၌ သေဆုံး ခဲ့ပြီး မောင်ဝင်းနိုင် မှာ ကျောက်ကြီး မြို့နယ် ပြည်သူ့ ဆေးရုံသို့ လည်းကောင်း၊ ထန်းတပင် မြို့နယ် ကစိုးပင် ကျေးရွာမှ မိုင်းထိ လူနာ စောပုတီအား မုန်းတိုက်နယ် ဆေးရုံသို့ လည်းကောင်း တာဝန်ရှိသူ များနှင့် ရွာသားများက ပို့ဆောင်၍ ဆေးဝါး ကုသကာ လိုအပ်သည်များ ကူညီ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။
http://kyeesaytaman.blogspot.com/2011/10/knu.html မှကူးယူဖော်ပြပါသည်။

စစ်တပ်ဆိုတာ

စစ်တပ် က အပြစ်မဲ့အရပ်သားတွေ ပစ်ပြန်ပြီ..
စစ်တပ်က မုဒိန်းကျင့်ပြန်ပြီ...
စစ်တပ်က ပေါ်တာဆွဲပြန်ပြီ...
စစ်တပ် က မိုင်းထောင်ပြန်ပြီ..
ငါလခွမ်းမှတဲ့..နိုင်ငံတစ်နိုင်ငံရဲ့ တရားဝင် တပ်မတော် ကြီး က အဲဒီအပြောတွေနဲ့  မသိရင်ပဲ
ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ကင်ပေတိုင်တွေ ရောက်လာနေတဲ့အတိုင်းပဲ..
မနေ့တစ်နေ့ကမှ တွေ့ရာသေနတ်ကောက်ဆွဲ သစ်ခိုးထုတ်ပြီး M-16/A-1/A2နဲ့ AK 47 / AK 74 /RPG/RPK တွေကိုမှောင်ခိုဈေးနဲ့ မီိးကျိုးမောင်းပျက် ဝယ်နဲ့ 
ထိုင်းဈေးထဲက တွေ့ကရာ ပြောက်ကျားဝတ်စုံ ဆင်ပေးထားတဲ့ အဖွဲ့ တွေလိုများအောင့်မေ့နေလားမသိဘူး..

စစ်တပ်ဆိုတာ မိုက်မိုက်ရိုင်းရိုင်းပြောရရင် "မ.တစ်ထောင်သားတွေ" ကို တစ်သွေးထဲတသံတည်း ဖြစ်အောင်
အမိန့် ရယ် ဥပဒေရယ်နဲ့  ထိန်းချူပ်ထားတာ...။စစ်သားတွေလည်းလူတွေပဲ...။ဘယ်သူမှ ခေတ်လွန်ဇာတ်ကားတွေလို လူသားစက်ရုပ် တွေမပါဘူး...။တခါတလေတော့ လူဆိုတာ အမှားနဲ့တော့မကင်းဘူး...။စစ်မြေပြင်ဆိုတာ ဘယ်ကောင်ကမှ ပန်းနဲ့ခင်းပြီးမကြိုဘူး...။အရာရာကို သကာင်္မကင်းစိတ်နဲ့  ကြည့်နေရတာ...။ ၂၄ နာရီလုံးလုံး သတိ ဆိုတာကို ခေါင်းထဲမှာထည့်နေရတာ...။

Saturday, October 15, 2011

ဘယ်မှာလဲ လူကြီး လူကောင်း (ပေးစာ - ၃၂)


ပုထုဇဉ်လူသားတွေမှာ အတ္တဆိုတာ ရှိကြပါတယ်၊ မိမိအတ္တအတွက် တပါးသူကို မထိခိုက်ဘူး ဆိုလျှင် အကောင်းဆုံးပေါ့ဗျာ၊
တပါးသူ နှစ်ပါးသူလောက် ထိခိုက်တယ်ဆိုအုံးတော့ တော်သေးတာပေါ့၊

ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးကို ထိခိုက်ပြီဆိုလျှင်တော့ အဲဒီလို လူစားတွေကို ကင်ပွန်းတတ်ရမယ့် အမည်ကိုတောင် ရှာမတွေ့နိုင်ပါဘူး၊
စကားလုံးနဲ့ ပြောမရနိုင်လောက်အောင် ဆိုးဝါးလွန်းလှပါတယ်၊ ဒါပေမယ့် ဒီလိုလူစားတွေဆိုတာကလည်း နိုင်ငံတိုင်း၊ နေရာတိုင်း၊ အဖွဲ့အစည်း တိုင်း၊ မိသားစုတိုင်းမှာ ရှိနေတတ်ကြပါတယ်၊
ဘ နဖူး သိုက်တူးတဲ့ လူစားတွေပေါ့။

စပ်မိစပ်ရာ ဘာညာကွိကွ

   အောင်မြင်သော  ယောက်ျားတယောက်နောက်မှာ   ထက်မြတ်တဲ့   မိန်းမရှိတယ်တဲ့ ။ဒါငဘ
ပြောတာမဟုတ်ဘူးနော်။စာရေးဆရာတွေပြောတာ ။ထက်မြတ်တဲ့  မိန်းမတယောက်ဆိုရင်လည်း  ရိုးရိုး
သားသားနဲ့  မာနကို သိုဝှက်နိုင်မှ   မိန်းမကောင်းတဲ့  ။မြန်မာနိုင်ငံမှာ   ဒီလိုမိန်းကလေးမျိုးတွေ  ရှားပါးနေ
ပြီဆိုတာ  ကို   မနိုးနိုး(ခေါ်) မနွဲ့ နှင်းရည်  နဲ့  အင်တာဗျူးမှာ  ထင်ထင်ရှားရှားကို  တွေ့ နိုင်သဗျ။

               ဘယ်နဲ့ ဗျာ။ထောင်ကျတာကို  ဂုဏ်ယူပြနေတယ်  ဆိုတာကတော့   ငဘထင်တယ် စိတ်ရော
မှန်သေးရဲ့ လားပေါ့။ထောင်ကျတာကို  ဘိုးစင်ဘောင်ဆက်  လိုလို  ၊ဆွေစဉ်မျိုးဆက်လိုလို  ။၊ပြောလိုက်
သေးတယ်  ။ဘာတဲ့ ။ကိုယ်ဘာသာအတွက်တဲ့   မှတ်တောင်ထားရမဲ့ ကိန်းဆိုက်နေပြီ။ထောင်ကျတာကို
ဘာသာရေးနဲ့   လာနှောတာကတော့   အဖေနေမကောင်းတာနဲ့  ခြေညောင်းတာ  မဆိုင်ဘူးတော့ ထင်
တာပါပဲ။

Friday, October 14, 2011

စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော် က ELEVEN MEDIA ၏ CEO ဒေါက်တာသန်းထွဋ်အောင်သို့ တန်ဘိုးကြီးကားတစ်စီး အားလာဘ်အဖြစ်ပေးအပ်ခဲ့ကြောင်းသတင်းများဖြစ်ပေါ်

ဦးဇော်ဇော်မှ ဒေါက်တာသန်းထွဋ်အောင်သို့ လက်ဆောင်အဖြစ်ပေးအပ်ခဲ့သော ကားနှင့် အမျိုးစားတူ ကားတစ်စီး၏ အတွင်းပိုင်းပုံ
စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်က Eleven Media Group ၏ ဥက္ကဌနှင့် CEO ဖြစ်သူ ဒေါက်တာသန်းထွဋ်အောင် ထံသို့ ပြည်ပပေါက်ဈေး အမေရိကန်ဒေါ်လာ တစ်သိန်းကျော်တန်ဘိုးရှိ LEXUS အမျိုးအစား ကားတစ်စီးကို လက်ဆောင်အဖြစ်ပေးအပ်ခဲ့ကြောင်း သတင်းများဖြစ်ပေါ်လျက်ရှိပါသည် ။

ကမ္ဘာကျော် မြန်မာ့လရွှင်တော် ဇာဂနာ အကြောင်းတစေ့ တစောင်း

ငဘ ပြောရင်နည်းနည်းလွန်  များလွန်မလားမသိဘူးနော်။မပြောလို့ ကလည်းမနေ နိုင်ဘူးဗျ။ဘရီးဘရား  ပြောတာကို လက်မခံနိုင်တာပါ။နည်းနည်း  လေးလုံးထွားနေသလားလို့ ။

(၁)။            ထောင်ကထွက်ရင် မပျော်ဘူးတဲ့ ။ရှေးလူကြီးတွေပြောတာ  ဒါဆိုရင်  စောက်ပေါစကားတွေဆိုတာ  ကိုဇာဂနာပြောမှ ကျနော်  တော်တော်လေး  အသိဥာဏ်   နည်းသေးတာပဲဆိုတာသိသွားပြီ။ရှေးလူကြီးတွေ  ပြောကျတယ်လေ။ထောင်ထွက်တာကလည်း  ပျော်စရာအ
ကောင်းဆုံး  အချိန်ထဲက  ကာလတခုပါတဲ့။သွားပြီ။  ကိုဇာဂနာပြောမှ  ရှေးထုံးစကားက   ၂၁  ရာစုမှာ မြောင်းထဲေ၇ာက်သွားပြီ။