အလွယ်တကူရှာရန်

Thursday, October 13, 2011

လူသားချင်းညှာတာထောက်ထားပါ။

                 အောက်တိုဘာလ ၁၂ ရက်နေ့(သီတင်းကျွတ် လပြည့်နေ့ )၌ မြစ်ကြီးနား အကျဉ်းထောင် မှ လူပျက်(ပျက်စီးနေသောလူ) ဇာဂနာ့ ကို လွတ်ငြိမ်းချမ်းသာခွင့် နဲ့ လွှတ်ပေးခဲ့ပါတယ်။ သို့ပေမယ့် သူဟာ ထောင်ကထွက်ရတာ မပျော်ပါဘူးလို့ပဲ တွင်တွင်ပြောဆိုနေတာတွေ့ရပါတယ်။ သူ ဟာ နဂိုကမှ လက်ဖဝါးလိုလူပါ။ခြေဖဝါးလို တသမတ်တည်းမရှိပဲ  လက်ဖဝါးကဲ့သို့မှောက်ချည် လှန်ချည် နဲ့
ဒီစကားဟိုပြော ဟိုစကားဒီပြော   _ာသည်ပါးစပ်နဲ့ လူပါ။ အခုလဲကြည့်ပါ ထောင်က
လွတ်တာ မပျော်ဘူးဟုပြောနေပေမယ့် ပြုံးဖြီးနေတဲ့ မျက်နှာ ၊ ပီတိ ဖြာနေတဲ့ မျက်နှာ က သူ့စိတ်ထဲက
အပျော်တွေကို ဖုံးမထားနိုင်ပါဘူး။  အခုပဲ " မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ရှိလို့လား"

Wednesday, October 12, 2011

ဒေါ်ညု ဆာဒူး ကတုံးနှင့် ဦးသိန်းစိန်အကြောင်း တစေ့တစောင်း


အပြောမဟုတ်အလုပ်ဖြင့်သက်သေပြကာ ဒေါ်လာစားတို့ ပါးစပ်ပေါက်အားတစ်ဆင့်ခြင်းပိတ်နေသော သမ္မတဦးသိန်းစိန်
ယနေ့သည် မြန်မာသက္ကရာဇ်(၁၃၇၃)ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ဖြစ်ပါတယ်။မြန်မာပြည်သူတို့ ရဲ့  နေ့ ထူးနေ့ မြက်တခု မှာနိုင်ငံတော်အစိုးရ အသစ်စက်စက် မှ ကောင်းမှူကုသိုလ်အဖြစ် နိုင်ငံတော်သမ္မတရုံးမှ အမိန်အမှတ် ၄၉/၂၀၁၁ ကိုမနေ့ က ( ၁၁.၁၀ .၂၀၁၁)ရက်စွဲဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါသည် ။ထို့ ကြောင့် ယနေ့ ၁၂.၁၀.၁၀၁၁ (သီတင်းကျွတ်လပြည့်နေ့ )တွင်သမ္မတ၏ ကြေငြာချက်အရတည်ဆဲဥပဒေကိုဖောက်ဖျက်သဖြင့်အကျဉ်းကျခံ
နေရသော အကျဉ်းသားများအနက် အကျဉ်းသား (၆၃၅၉)ကို ဒီကနေ့  စတင်လွတ်ငြိမ်းချမ်းသာခွင့်ပေးလျက်ရှိပါသည်။

ထောင်ကလွှတ်ပေးလိုက်လို့ မကျေနပ်နိုင်၊ ဝမ်းမသာနိုင်ဖြစ်နေသူများ ထောင်ထဲပြန်ဝင်ကြရန် တိုက်တွန်း

ယနေ့ သီတင်းကျွတ်လပြည့်နေ့မှာပဲ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ အကျဉ်းထောင် အသီးသီးကနေ ပစ်မှုကျူးလွန်ကာ အကျဉ်းကျနေတဲ့ အကျဉ်းသားပေါင်း ၆၃၅၉ ဦးကို နိုင်ငံတော် သမ္မတ အမိန့်နဲ့ လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ သမ္မတကြီး ဦးသိန်းစိန်လက်ထပ်မှာ ဒုတိယအကြိမ် လွှတ်တာဖြစ်ပြီး မေလ ၁၆ ရက်နေ့က ၁၄၅၇၈ ယောက် လွှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

အကျဉ်းသားများ လွှတ်ပေးသည့် ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမ္မဂ္ဂနဲ့ ကမ္ဘာက ကြိုဆိုခဲ့ကြပါတယ်။ နိုင်ငံတော်သမ္မတ အကြံပေးပုဂ္ဂိုလ်တစ်ဦးကတော့ အကျဉ်းထောင်ထဲမှာ အကျဉ်းသား မရှိလေ ကောင်းလေ ဟု ပြောကြားခဲ့ဖူးပါတယ်။

သီတင်းကျွတ်နှင့် ပတ်သက်၍ ဒေါ်စုဘယ်လိုခံစားရသလဲ

ယနေ့သည် မြန်မာသက္ကရာဇ်(၁၃၇၃)ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ဖြစ်ပါတယ်။ ဂေါတမမြတ်စွာဘုရားရှင်သည် ၀ါတွင်းကာလပတ်လုံး တာဝတိံသာနတ်ပြည်ရှိ မိခင်တော်စပ်ခဲ့ဖူးသော သန္တုဿီတနတ်သားကို မိဘကျေးဇူးဆပ်သည့် အနေဖြင့် အဘိဓမ္မာ တရားတော်များ ဟောကြား တော် မူ ခဲ့ပါသည်။ ထို့နောက် သီတင်းကျွတ်လပြည့်နေ့တွင် လူ့ပြည်သို့ ပတ္တမြားစောင်းတန်း၊ ရွှေစောင်းတန်း၊ ငွေစောင်းတန်းတို့ဖြင့် ပြန်လည် ဆင်းသက်တော်မူသည် ကို လူ၊နတ်၊ဗြဟ္မာတို့က ဆီးမီးတို့ဖြင့် ပူဇော်ကြသည်။

၎င်း တို့ အကျိုးစီးပွား အတွက် ပြည်ဖျက်လုပ်ငန်းများ သာမက လူမျိုး အညွန့်တုံး ရေး လုပ်ငန်းများပါ လုပ်ဆောင်နေသော KIA နှင့် အပေါင်းအပါများ

                    KIA သောင်းကျန်းသူများမှာ တိုင်းပြည် တိုးတက်ရေး ၊ တည်ငြိမ်အေးချမ်းရေး ပျက်စီးစေရန် ရည်ရွယ်၍ တိုင်းပြည် အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်နေရုံ မကပဲ  မြန်မာတစ်မျိုးသားလုံး အညွန့်တုံးစေနိုင်သော မူးယစ်ဆေးဝါးများကိုပါ ၎င်းတို့အကျိုးစီးပွား တစ်ခုတည်းအတွက် ထုတ်လုပ်ရောင်းချ မှု့များ လုပ်ဆောင်လျက်ရှိ ကြောင်း ဖမ်းဆီးရမိခဲ့ ပါသည်။ ၎င်း နှင့်အတူ ရရှိလာသော အကျိုးအမြတ် များကို KIO ၊KIC နှင့် အခြားသော နိုင်ငံတော် ပျက်စီးရာ ပျက်စီးကြောင်း ဖော်ဆောင်နေကြသည့် အဖွဲ့ အစည်းများမှ ခွဲဝေ ခံစားနေကြကြောင်း မူဆယ် မြို့ခံ တစ်ဦးမှ ပြောကြားခဲ့ပါသည်။
                 

Tuesday, October 11, 2011

နိုင်ငံတော်သမ္မတမှ အကျဉ်းသားပေါင်း ၆၃၅၉ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် အမိန့်တစ်ရပ်ထုတ်ပြန်

မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသားများအနက် အကျဉ်းသား (၆၃၅၉) ဦးကို  အောက်တိုဘာလ ၁၂ရက် (သတင်းကျွတ်လပြည့်နေ့) မှစတင်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အမိန်အမှတ် ၄၉/၂၀၁၁ ကို  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့ ( ၁၁.၁၀ .၂၀၁၁)ရက်စွဲဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါသည် ။

ရှက်တက်ရင် လဲသေဖို့တောင်ကောင်းတဲ့ ကချင်သတင်းဌာန KNG


ဒီဗွီဘီလူငယ်အသံမှဘရဏီ ပြည့်တန်ဆာလုပ်ငန်းစိတ်ဝင်စား


Sunday, October 9, 2011

ငြိမ်းချမ်းရေး နိုဘယ်ဆု လား အမေရိကန် နဲ့ အနောက်အုပ်စုများရဲ့ အကျိုး အတွက် ပေးတဲ့ဆုလား

    အဲဖရက် နိုဘယ် ကို ၁၈၃၃ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့ တွင် ဆွီဒင် နိုင်ငံ စတော့ခ်ဟုမ်း မှာ မွေးဖွားခဲ့ပါတယ်။သူဟာ ၁၈၉၆ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့ တွင် အီတလီ နိုင်ငံ စန်ရီမို မှာ ကွယ်လွန်ခဲ့ပါတယ်။သူ၏ သေတမ်းစာ အရ ၁၉၀၁ ခုနှစ်မှ စတင်ကာ နှစ်စဉ် နှစ်တိုင်း နိုင်ငံရေး စီးပွားရေး လူမှု့ရေး ပညာရေးဆိုင်ရာများမှာ လူသားအကျိုးပြု သူများကို ရွေးချယ် ချီးမြှင့်ခဲ့ပါတယ်။

Tuesday, September 20, 2011

အမြဲတမ်း ရှင်သန်နေမည့် မြစ်ကြီးဧရာဝတီ နှင့် ဘယ်သူတွေ ဘာလုပ်နေကြသလဲ... ???

      အခုတစ်လော အရမ်းပေါ်ပြူလာ ဖြစ်နေတဲ့ ဧရာဝတီကြီး အသက်ငင်နေပီတို့ ဧရာဝတီကို ကယ်တင်မယ်တို့… ဟုတ်ကဲ့ ဘာတွေ ဖြစ်လို့ ဧရာဝတီကြီးက အသက်ငင်နေတာလဲဆိုတာကို မေးတော့…..
မြစ်ဆုံစီမံကိန်းကိုတစ်ချို့လူတွေက မြစ်ကြီးပိတ်ပြီးဆည်ဆောက်မှာတဲ့ တစ်ချို့ကလဲ ပြောသေးတယ်.. 
နေရာအတိအကျမသိပဲ မြစ်ဆုံမှာ ဆည်ဆောက်မှာတဲ့ တစ်ချို့ကလဲ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်မို့ မရင်းနိုင်ဘူးတဲ့… တစ်ချို့ကလဲ မြစ်တိမ်ကောလာပြီး မြစ်ကြောင်းထဲက ငါးတွေ သေမယ်…