အလွယ်တကူရှာရန်

Monday, May 14, 2012

မန္တလေး- မြစ်ကြီးနား ရထားလမ်းအား KIA က မိုင်းထောင်ဖျက်ဆီးသဖြင့် ပြည်သူများဒဏ်ရာရ၊ သွားလာရေး ခက်ခဲလျက်ရှိ


အစိုးရက လမ်းအသစ်တွေဖောက် တံတားအသစ်တွေဆောက် ပြီး နိုင်ငံတိုးတက်အောင်တော့ သူတို့တက်အားသလောက် ဆောင်ရွက်နေတာတွေ့မြင်နေရပါတယ်။ အရင် ၁နှစ်လောက်အထိ ကျွန်တော်တို့ ကချင်ပြည်နယ်လေးက အေးအေးချမ်းချမ်းနဲ့ရောင်းဝယ်ဖောက်ကားလို့ကောင်းတဲ့ ရေခံမြေခံတွေ သဘာဝ အရင်းအမြစ်တွေနဲ့ပြည့်နှက်နေပါတယ်။ ဒါပေမယ့် ဇွန်လလောက်ကတည်းက တံတားတွေကို မိုင်းတွေခွဲ စစ်ဘက်နဲ့မဆိုင်တဲ့နေရာတွေကို ဖျက်ဆီး အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ် မိန်းမတွေကိုလည်းအဓမ္မပြုကျင့် ငယ်ရွယ်သေးသောစာသင်အရွယ်ကလေးငယ်များအားလည်း စစ်သားသစ်စုပြီး အကြမ်းဖက်လုပ်ငန်းတွေကို လုပ်ဆောင်ခိုင်းနေပါတယ်။

Sunday, May 13, 2012

မီဒီယာကိုခုတုံးလုပ်၍စီးပွားရှာနေသာ သန်းထွဋ်အောင် (သို့) Eleven Media

အစိုးရရဲ့ ကားတင်သွင်းခွင့်မူဝါဒနဲ့ပတ်သက်ပြီး ထိပ်ဆုံးကနေ ပြင်းပြင်းထန်ထန်ဝေဖန်နေတဲ့ မီဒီယာကိုပြပါဆိုရင် ပွကြီး Eleven မီဒီယာကိုပြရမှာပါဘဲ ၊ အစိုးရက ၂၀၀၇ မော်ဒယ်အထက်ကားတွေကို ကားဝယ်ဘို့လုံလောက်တဲ့ နိုင်ငံခြားငွေအကောင့်တစ်ခုရှိတာနဲ့ တင်သွင်းခွင့်ပြုလိုက်တာကို ပြည်သူအများ စုကကြိုဆိုကြပေမယ့် Eleven မီဒီယာကတော့ ကားတွေကျပ်လာမယ် ၊ ထိခိုက်သူတွေရှိတယ် ၊ အစိုးရဟာ ၈ လအတွင်းမူဝါဒ ၆ ခါပြောင်းနေတယ် အစရှိသဖြင့် အစိုးရကိုတိုက်ခိုက်ဝေဖန်ပြီး သူကတော့ ပြည်သူတွေနစ်နာမှာစိုးသလိုလို ကားတွေကျပ်လာပြီး လမ်းတွေပိတ်လာမှာပဲစိုး သလိုလို ပြည်သူ့ဘက်ကပဲရပ်တည်နေတဲ့စေတနာ မီဒီယာကြီးလိုလို လုပ်နေတာကို အမြင်ကပ်လို့ ဒီဆောင်းပါးကိုရေးပါတယ် ။

ဒီပုံကို ဦးမင်္ဂလာရဲ့ ဖေ့စ်ဘုတ်ကနေယူထားတာပါ

Thursday, May 10, 2012

မင်းတို့ မီဒီယာသမားတွေက ပိုက်ဆံရလို့ လုပ်နေတာ၊ ငါတို့က ဘာစောက်တစ်ပြားမှမရပဲ ထောင်ကျခံပြီးနိုင်ငံရေးလုပ်နေတာ၊ ဘယ်ကောင့်ကိုမှ စောက်ဂရုမစိုက်ဘူး

"မင်းတို့ မီဒီယာသမားတွေက ပိုက်ဆံရလို့ လုပ်နေတာ၊ ငါတို့က ဘာစောက်တစ်ပြားမှမရပဲ ထောင်ကျခံပြီးနိုင်ငံရေးလုပ်နေတာ၊ ဘယ်ကောင့်ကိုမှ စောက်ဂရုမစိုက်ဘူးလို့ မင်းတို့အယ်ဒီတာတွေကို ပြောလိုက်... ငါ -ိုး မှ သားရဲ့"

ဟု

NLD ပါတီဝင် လုံခြုံရေး ဒလဝမ် များက Express Times သတင်းစာ သတင်းထောက် တစ်ဦးကို လက်ရောက်မှု ကျူးလွန်ကာ ဆဲရေးတိုင်းထွာ စော်ကား ပြောဆို ခဲလို့ Express Times အယ်ဒီတာချုပ်မှ ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထံသို့ တိုင်ကြားစာ ပေးပို့ခဲ့ကြောင်း သတင်းရရှိပါတယ်။

Monday, April 30, 2012

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသို့ပေးစာ

 လူမျိုးကိုချစ်တယ် ပြည်ထောင်စုကိုချစ်တယ်..ပြည်နယ်လွတ်မြောက်ရေးအတွက် ဆိုပြီး အော်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ လုပ်ရပ်တွေဟာ ၎င်းတို့ကြွေးကြော်နေသောအော်သံများနှင့် မည်သို့မည်ပုံသက်ဆိုင်နေသည်မှာ မေးခွန်းထုတ်စရာပင်ဖြစ်လာပေပြီ...

မန္တလေး-မြစ်ကြီးနား (၃၃) အဆန် ရထား မိုင်းခွဲဖျက်ဆီးခံရ

မန္တလေး မြစ်ကြီးနား (၃၃)အဆန် အိပ်စင်ရထားသည် နန့်စီးအောင်ဘူတာ မှ (၂၉.၄.၂၀၁၂) နံနက် (၀၀း၅၆)နာရီအချိန် တွင် ထွက်လာပြီး နံနက် (၁း၁၀)နာရီအချိန် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မော်ဟန်ဘူတာနှင့် နန့်စီးအောင် ဘူတာအကြားမိုင်တိုင် ၆၁၆/၁ နှင့် ၆၁၆/၃ အကြား တံတားအမှတ်(၅၃၄) နေရာတွင် မိုင်း (၂)လုံး ဆက်တိုက် ပေါက်ကွဲခဲ့သည်။ ဗုံးပေါက်ကွဲမှုကြောင့်ရထားတွဲ (၁၂)ပါဝင်ရာ၊ (၈)တွဲ လမ်းချော်ခဲ့ပါသည်။ အထက်တန်း အိပ်ခန်းတွဲ(၁) ၁၂၆၆၉ နှင့် တွဲ (၇) ၁၂၆၅၄ BREZ 10919 စားသောက်တွဲ တိမ်းမှောက် ခဲ့ပါသည်။  အိပ်စင် တွဲ(၁) D ခန်းတွင် လိုက်ပါ လာသော မျိုးမင်းထိုက် (၂၈)နှစ် ခြေထောက် ကျိုးသွားပြီး၊ အိပ်စင်တွဲ(၁) B ခန်းတွင် လိုက်ပါလာသော ရှင်စန္ဒောဘာသ ခြေမျက်စိ ဒဏ်ရာရရှိခဲ့ပါသည်။ ရထားသံလမ်း ကွန်ကရစ်တုံး (၉၅) တုံးပျက်စီးပြီးတံတား အမှတ်(၅၃၄)ပျက်စီးခဲ့ကြောင်း ရထားထိန်း ဦးစစ်လှိုင် မှပြောကြားခဲ့ပြီး မီးရထားဌာနမှ တာဝန်ရှိသူများ မှ နံနက် (၈)နာရီအချိန်မှ စပြီး ရထားလမ်း ကို ပြန်လည်ပြုပြင်နေကြောင်း သိရှိရပါသည်။ 

Sunday, March 25, 2012

ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်သားတစ်ဦး၏ ရိုးရှင်းပွင့်လင်းသောအမြင် အပိုင်း(၁)

              ခေါင်းစဉ်ကိုက ရှင်းရှင်းလေးပါပဲ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယနေ့ပြုမူလှုပ်ရှားပြောဆို လုပ်ကိုင်မှုတွေ အပေါ်  တပ်မတော်သားတစ်ဦးရဲ့ ရိုးရိုးသားသား ရှင်းရှင်းလင်းလင်း ပွင့်ပွင့်လင်းလင်း အမြင်တွေကို ထုတ်ဖော် သွားမှာ ဖြစ်ပါတယ်။
          တပ်မတော်သားတစ်ဦးဆိုတဲ့အတွက် တပ်မတော်ရဲ့ သဘောထားလို့ တထစ်ချပြောလို့မရပေမဲ့ တပ်မတော် သားအားလုံးကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှ ဒီလိုအမြင်၊ ဒီလိုသဘောထားတွေရှိနေတယ်ဆိုတာကိုတော့ ယုံကြည်စေချင်ပါတယ်။

Saturday, February 18, 2012

ကျွန်ုပ်နှင့် ရုရှား(၄)နှစ်တာ

                           ရုရှားပြည်ကြီးမှာ ဆိုလို့ ဗီဒီယိုတွေ၊ရုပ်ရှင်တွေထဲကလို မှန်စီရာရွှေအိမ် နန်းတော်ကြီးတွေလို မထင်လိုက်နဲ့နော်။ ကိုယ်နေရတဲ့ မြို့လေးက ဟိုး…မော်စကိုတို့၊ လီနင်ဂရတ်တို့ မဟုတ်ပါဘူး။ သူတို့ အပြောဆို ပြင်ဦးလွင်က ကွက်သစ်ထဲလောက်ရှိတာ။ ဒီမြို့က လာတဲ့လူဆို အချင်းချင်း စကားနာထိုးတာ စပ်စုမိတော့ တောသူ၊တောသား တွေလို့ ပြောကြ၊စကြပါတယ်။ အဲ….. သူ့ကွက်သစ်က Electrobus တွေနဲ့။ ကားကြီးကြီး၊သေးသေး တဝူးဝူး တဝေါဝေါ နဲ့။ credit card တွေ တကိုင်ကိုင်နဲ့။ တည်ဆောက်ဆဲ၊ တည်ဆောက်ပြီး လတ္တံသော တိုက်ကြီး၊တာကြီးတွေ နဲ့။ ရုပ်ဝတ္တုတွေကို စတွေ့လိုက်တယ်။ အော်..သူ့အထွာနဲ့သူပေါ့လေ။ ရေးမလို့ ရေးမလို့ တွေးနေတာတော့ကြာပါပြီ။ နေရမယ့်အချိန်ကျန်သေးတဲ့အတွက် ပြောစရာကျန်သွားမှာ စိုးလို့ စောင့်နေတာပါ။ ခုတော့ ပြန်ဖို့ အချိန်ကလည်း နီးလာပြီမို့ ရေးလိုက်ပါတယ်။ မော်စကိုမြို့တော်ကြီးတို့၊ စိန့်ပီတာ စပတ်မြို့ကြီးတွေကို အခြေခံမှာ မဟုတ်ဘဲ၊ ကျနော်နေရတဲ့ Kaluga(ကာလုဂါ) ဆိုတဲ့ မြို့လေးကိုပဲ အခြေခံပြီးရေး သွားမှာပါ။

ပြည်သူတွေလိုလားနေတဲ့ ထာဝရငြိမ်းချမ်းရေး (ပေးစာ - ၉၆)

ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် အစိုးရအဖွဲ့ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကိုလေ့လာ ကြည့်လိုက်ရင် အစိုးရအဖွဲ့သက်တမ်း (၁၀)လအတွင်း ထင်သာမြင်သာရှိတဲ့ အဓိကအချက်(၃)ချက် ရှိနေပါတယ်။ ဒီ(၃)ချက်ကတော့ ဒေါ်စုကြည်နဲ့ သမ္မတကြီးတို့ တွေ့ဆုံပြီး ပါတီနိုင်ငံရေးလှုပ်ရှားမှုများ ပွင့်လင်းမှုရှိလာခြင်း၊ ယခင်ထောက်လှမ်းရေးဟောင်းများအပါအ၀င် အကျဉ်းသားများလွှတ်ပေးခြင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင် များနှင့် ငြိမ်းချမ်းရေးဆွေးနွေပွဲများ ပြုလုပ်နေခြင်းတို့ဖြစ်ပါတယ်။


အထက်ပါ(၃)ချက်အနက် ပါတီနိုင်ငံရေး လှုပ်ရှားမှုများ ပွင့်လင်းမှုရှိလာခြင်းနဲ့ အကျဉ်းသားများ လွှတ်ပေး ခြင်းဟာဆက်စပ်နေပြီး တိုးတက်ဖြစ်ပေါ်မှုတွေကို အမေရိကန်အပါအ၀င် နိုင်ငံတကာကအသိအမှတ်ပြုနေကြပါ တယ်။ ယခင်ကစစ်အစိုးရကိုဆန့်ကျင်ခဲ့ကြတဲ့ ပြည်တွင်း/ပြည်ပ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအသီးသီးကဒီမိုကရေစီရေး လှုပ်ရှားမှုမှာ အဓိကတောင်းဆိုခဲ့တဲ့အချက်များဖြစ်ပါတယ်။ ဒီ အချက်(၂)ချက်ကို မထင်မှတ်လောက်အောင် ဦးသိန်းစိန်က လိုက်ရောမှုပြုခဲ့ပြီးနောက်မှာ ဒီမိုကရေစီရေး လှုပ်ရှားမှုများကို ဦးဆောင်နေပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီး/ ငယ်၊ အဖွဲ့အစည်းပေါင်းစုံရဲ့ တောင်းဆိုချက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များအောင်မြင်ပြီး တစ်ပြည်လုံးအတိုင်းအတာဖြင့် ထာဝရငြိမ်းချမ်းရေးပဲဖြစ်လာပါတယ်။


Wednesday, February 15, 2012

ဖောက်ခွဲဖျက်ဆီးရေးသမားများအတွက်

                        တောင်းဆိုးပလုံးဆိုးကိုသာစွန့်ပစ်ရိုးထုံးစံရှိတယ် ၊ သားဆိုးသမီးဆိုးကို ဘယ်မိဘမှ စွန့်ပစ်ရိုးထုံးစံမရဗျဘူးတဲ့။ ဒီလိုပါပဲ နိုင်ငံတော် သမ္မတကြီးကလည်း အကြောင်းအမျိုးမျိုးကြောင့် အမိမြန်မာနိုင်ငံတော်ကနေ ထွက်ခွာသွားတဲ့ သွေးချင်းတွေကို လက်ကမ်းလို့ကြိုနေပါတယ်။ ပြည်တော်ပြန်အဖွဲ့တွေလည်း ၀မ်းသာလို့ ပျော်ရွှင်လို့နဲ့ အပြုံးမျက်နှာတွေနဲ့ တွေ့လိုက်ရတော့ ဘယ်လောက်များ ပီတိဖြစ်ဖို့ကောင်းလိုက်သလဲဗျာ။

အမေစု သိစေချင်သည့် ဗိုလ်ချုပ်၏အဓိပ္ပါယ်

          ``ဖေဖော်ဝါရီ (၁၃)မှာ ဗိုလ်ချုပ်မွေးနေ့ပါ``ဆိုတဲ့ ကဗျာစာသားလေးအတိုင်းပါပဲ၊ ဗိုလ်ချုပ်မွေးနေ့မှာ

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးရေးရုံးခန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်ခဲ့တာ အလွန်ကောင်းတဲ့ အစီအစဉ်

တစ်ရပ်ပါပဲ။ စစ်အစိုးရအနေနဲ့နှစ်ပေါင်း (၂၀)ကျော် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကြောင်းကို Fade out လုပ်

ထားခဲ့ရာမှဒီကနေ့ ပြည်သူ့အစိုးရလက်ထက်မှာ ပြန်လည်ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ

သမိုင်းအတွက် ၀မ်းမြောက်ဖွယ်သတင်းလဲဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတိုင်းကလဲ အနိမ့်ဆုံးအဆင့်

မြန်မာနိုင်ငံကိုလာတဲ့ ဧည့်သည်တော်တိုင်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂူဗိမာန်ကို

ဂါရ၀ပြုတာမျိုးမြင်တွေ့လိုကြပါတယ်။ ခုလိုမျိုး ကမ္ဘာကျော်မဲ့ အဖြစ်မှန် ရုပ်ရှင်ရိုက်မှာမျိုးဆိုတော့ အတိုင်း

ထက်အလွန် သဘောကျမိပါတယ်။

Saturday, October 29, 2011

Arakan နာမည်ကို အလွဲသုံးစား လုပ်မူ ဆန့်ကျင် ကန့်ကွက်ပွဲများ ဆက်တိုက် ဖြစ်ပေါ်လာ

မင်းဆက်ခိုင်
------------
ရခိုင်အမျိုးသားပိုင် Arakan ဆိုသော ဝေါဟာရကို လွဲမှားစွာ အသုံးပြုနေသော လူတစ်စုအား ကန့်ကွက် ရှုတ်ချပွဲ အခမ်းအနားများကို ရခိုင်ပြည်နယ် အနှံ့ အပြားတွင် ပြုလုပ်နေကြောင်း သတင်း ရရှိသည်။

ယနေ့ (အောက်တိုဘာလ ၂၉ ) ရက်နေ့တွင်လည်း အဆိုပါ ရှုတ်ချ ကန့်ကွက်ပွဲကို မောင်တောမြို့ မြို့မကျောင်းတွင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

" ဟုတ်ပါတယ်။ ဒီကနေ့ ကန့်ကွက် ရှုတ်ချပွဲကို မောင်တောမြို့ မြို့မကျောင်းမှာ ပြုလုပ်ပါတယ်။ လူပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ ပြုလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပြည်ပရောက် ဘင်္ဂလီတချို့က Arakan အမည်အား အလွှဲသုံးစားလုပ်မှုအပေါ် ကန့်ကွက် ရှုတ်ချတာ ဖြစ်ပါတယ်" ဟု မောင်တော ဒေသသခံ တစ်ဦးက ပြောသည်။

Friday, October 28, 2011

KIA တို့ သိထားသင့်သော ဆောင်ပုဒ် (သို့)မကောင်းမှု့ဟူသည် စိတ်ကွယ် ရာ မရှိ

 အောက်ဖော်ပြပါ သတင်း ကတော့ ကေအိုင်အို မှ ဗိုလ်မှူးကြီး ဆင်ဝါး မှ ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင်  မဇ္ဈိမ သို့ ပြောကြားခဲ့တဲ့ သတင်းပါ...
သတင်းစဉ် မှာ ဖော်ပြချက် အရ ကချင်ပြည်နယ် ရှိ မူးယစ်ဆေးဝါး များ မှာ စစ် အစိုးရဘက် မှ အခွန်ကောက်ခံ တင်သွင်းနေသယောင် ထင်ယောင်ထင်မှား ဖြစ်စေရန် ရေးသား ထားတာကို တွေ့ရပါတယ် .. အထက်ပါအချက် များ အရ မဇ္ဈိမ သတင်း ဌာန မှာလည်း ကေအိုင်အို နည်းတူ ပြည်ဖျက် လုပ်ငန်းများ လုပ်ဆောင်နေသော ၊ မြန်မာပြည်သူပြည်သားများ အမြင်လွဲမှား စေရေး အတွက် ဦးတည် လုပ်ဆောင်နေတယ်ဆိုတာ သိသာထင်ရှားလှပါတယ် ။ မဇ္ဈိမ  သတင်းဌာန မှ ဖော်ပြချက် မှာ အောက်ပါအတိုင်း ဖြစ်သည်......

Thursday, October 27, 2011

ရိုဟင်ဂျာ ကုလား၊ စစ်မှန်သော နိုင်ငံတော်နှင့် သွေးခွဲ သပ်လျှို ဘီဘီစီ (BBC) (အပိုင်း-၁)

မြန်မာနိုင်ငံတွင် 1950 ခုနှစ်လွန် ဆယ်စုနှစ်အတွင်းတွင် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ အမည်ခံ မူဆလင်တို့ မောင်တောနှင့် ဘူးသီးတောင် မြို့နယ်တို့ကို အခြေခံကာ ထကြွခဲ့ဖူးသည်။
မူဆလင် ပညာတတ်များက ထိုမြို့ နှစ်မြို့ ကို အခြေခံကာ မူဆလင် ပြည်နယ် ထူထောင်လိုသဖြင့် မူဆလင်လူမျိုးကို မြန်မာ တိုင်းရင်းသား တစ်မျိုးဖြစ်လေဟန် သမိုင်းလိမ်ရေးကာ စာနယ်ဇင်းများတွင် တင်ပြပြီး ထကြွ ပုန်ကန်ကြခြင်းဖြစ်သည်။

ဘူးသီးတောင် ပါလီမန်အမတ် မစ္စတာဂါဖားရ်က (၁၉၅၀) ခု ဂါဒီယန် သတင်းစာတွင် ရိုဟင်ဂျာဟု ခေါ်သော မူဆလင် လူမျိုးသစ်တစ်မျိုး ရခိုင်ပြည်တွင် ရှေးယခင်ကပင် ရှိခဲ့လေဟန် စတင်လိမ်ညာကာ တင်ပြခဲ့သည်။ (နေရာတစ်နေရာ နယ်ချဲ့လိုသဖြင့် လိမ်ညာခြင်း သက်သက်)သာ ဖြစ်သည်။

လော်ဒန်ရွာတိုက်ပွဲမှာကေအိုင်အေတစ်ဦးသေ တစ်ဦးဒဏ်ရာရ

ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် အစိုးရစစ်တပ်တို့ အောက်တိုဘာလ ၂၃ ရက်နေ့က လော်ဒန်ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး KIA တပ်သားနှစ်ဦးဒဏ်ရာရရှိသွားပြီး တစ်ဦးမှာ မိုင်ဂျာယန်ဆေးရုံမရောက်ခင်မှာ သေဆုံးခဲ့တယ်လို့ လိုင်ဇာမှ သတင်းပေးပို့လာပါတယ်။
“လော်ဒန်ရွာမှာ KIA ဘက်က လူ ၄၀ လောက်ပါတယ် စစ်တပ်ဘက်ကလည်း ၃၀ လောက်တော့ရှိတယ် လော်ဒန်ရွာကို ဆန်သွားတောင်းတာ လမ်းမှာတွေ့တော့ ပစ်ကြတာပါ စစ်တပ်ဖက်က လူခွဲပြီးလာတာ စိန်ပြောင်းတွေနဲ့လည်း ပစ်တယ် ဘယ်ကမှန်းမသိဘူး KIA တပ်သားနှစ်ယောက် ဗုံးစမှန်လို့ဒဏ်ရာရသွားတယ် အစိုးရတပ်ဖက်က စိန်ပြောင်းနဲ့ပစ်တာများတယ် ကြာကြာနေလို့မရလို့ ပြန်ဆုတ်ခဲ့ရတယ်” ဟု တိုက်ပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ KIA စစ်သား ခွန်အောင် မှပြောပြပါတယ်။
ဒဏ်ရာပြင်းတဲ့ KIA စစ်သားတစ်ဦးကတော့ တောလမ်းမှမိုင်ဂျာယန်ဆေးရုံကို ပို့ခဲ့ရာမှာအချိန်ကြာပြီး သွေးထွက်များကာ လမ်းတွင်သေသွားကြောင်းသိရပါတယ်။ကျန်တစ်ယောက်ကတော့ မိုင်ဂျာယန်ဆေးရုံမှာဆေးကုနေပြီး တိုက်ပွဲဖြစ်ခဲ့တဲ့စစ်ကြောင်းနံပါတ် မသိရသေးကြောင်း သိရသည်။
ကေအိုင်အေနှင့်အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားရာတွင် ယနေ့ထိ KIA ဘက်မှကျဆုံးသွားသော စစ်သား ၉၀၀ ကျော်ရှိပြီဖြစ်ကြောင်း လိုင်ဇာစစ်ရုံးချုပ်မှ KIA အရာရှိတစ်ဦးက ပြောပြပါတယ်။
 
http://kachindailynews.blogspot.com/2011/10/blog-post_258.html မှကူးယူဖော်ပြပါသည်။

KIAရဲ့လုပ်ကြံသတင်းများဘယ်သူမှမယုံ

မြစ်ကြီးနာမြို့ပေါ်က-ကချင်အများစုနေတဲ့ရပ်ကွက်တွေမှာကောလဟလသတင်းတွေပြန့်နေတယ်လို့ ကချင်သင်းအုပ်ဆရာတစ်ဦးက KDNသို့ ပြောဆိုပါတယ်။ သင်းအုပ်ဆရာဦးလနန်ဘောက်နော်က                `` မြစ်ကြီးနားမြို့ ပေါ်မှာရှိတဲ့အဆောက်အဦးနဲ့တံတားတွေကိုအစိုးရစစ်တပ်တွေကဖောက်ခွဲမဲ့အကြောင်း၊ မြစ်ကြီးနားမြို့လယ်ကုန်းရပ်ကွက်မှာရှိတဲ့ဇီးလွန်ဘုရားကျောင်းမှာလဲအစိုးရတပ်က မိုင်းထောင် ထား ကြောင်း၊ပြီးတော့ဗလမင်းထင်တံတားကြီးကိုလဲမိုင်းထောင်ဖောက်ခွဲဖို့လုပ်နေလို့ တံတားရဲ့လုံခြုံရေး အတွက်ခရစ်ယာန်သင်းအုပ်ဆရာတွေကို စောင့်ကြည့်ခိုင်းထားရကြောင်းဆိုပြီး ကချင်ဘာသာနဲ့ စာတွေဖြန့်တယ်လေ`` လို့ ဆက်လက် ပြောပါတယ်။



ဒေသခံလူတွေကတော့ KIA အကြောင်း ကောင်းကောင်းသိနေကြတာမို့ ယုံကြည်မှုမရှိပါဘူး။သူတို့ စိုးရိမ်နေတာက အစိုးရတပ်တွေလုပ်တာပါလို့ပြောပြီး KIA တပ်တွေက သူတို့ဖာသာသူတို့ မိုင်းထောင် ဖောက်ခွဲမှာကိုပဲကြောက်နေကြပါတယ်။KIAတပ်တွေရဲ့အကြမ်းဖက်လုပ်ရပ်တွေကြောင့်သူတို့ကချင်လူမျိုးတွေတော်တော်လေးဂုဏ်သိက္ခာကျဆင်းနေရတယ်လို့လဲ အဆိုပါသင်းအုပ်ဆရာကဆက်လက် ပြောဆို ပါတယ်။KIAတပ်တွေနဲ့အစိုးရပြေပြေလည်လည်ရှိဖို့ သူတို့ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်တွေ ကိုယ်တိုင် ဘယ်လိုပဲကြိုးစားကြိုးစားမအောင်မြင်ခဲ့ပါဘူး။
ခုခါမှာတော့ပြည်သူတွေ အထင်အမြင်မှားအောင် ဘယ်လိုပဲကောလဟလသတင်းတွေထုတ်ပြန် နေပေမဲ့KIAကမန္တလေး-မြစ်ကြီးနားမီးရထားလမ်းကြောင်းမှာဖောက်ခွဲခဲ့တာတွေ၊ တာပိန်ရေအားလျှပ်စစ် စက်ရုံကပြန်လာတဲ့ကားတစ်စီးနဲ့လူတွေကိုရက်ရက်စက်စက်သတ်ဖြတ်ခဲ့တာတွေ၊KIAစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်ကိုယ်တိုင်ကလမ်း၊တံတားတွေဖောက်ခွဲဖျက်ဆီးဖို့ညွှန်ကြားချုက်ထုတ်ပြန်ထားတွေ ဟာKIA အတွက်ငြင်းလို့မရနိုင်တဲ့အဖျက်လုပ်ရပ်တွေဖြစ်ပါတယ်။
အခုရက်ပိုင်းအတွင်းKIA ဗဟိုကထုတ်ပြန်တဲ့ညွှန်ကြားချက်ထဲမှာလဲ ကချင်နိုင်ငံတော်အတွင်း ရန်သူသွားလာနိုင်သောလမ်းကြောင်းများတွင်မိုင်းနှင့်အတားအဆီးများပိုမိုချထားရန်၊အရေးကြီးနေရာများရှိ တံတားနှင့်အဆောက်အဦးများအမြန်ဆုံးဖျက်ဆီးသွားရန် ဆိုပြီး KIA ဒုတိယစစ်ဦးစီးချုပ် အက်စ်ဂွမ်မော်က လက်မှတ်ရေးထိုးထုတ်ပြန်ထားပါတယ်။ မြစ်ကြီးနားမြို့က ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးကတော့KIA အပေါ်မှာ သူ့အနေနဲ့အလွန်ပဲစိတ်ပျက်နေပါတယ်၊KIA အနေနဲ့ စစ်တပ်ကလုပ်တော့မယ်လို့သတင်းလွှင့်ပြီး သူတို့(KIA)တွေလုပ်လိမ့်မယ် မြို့ပေါ်ကအစိုးရရုံးနဲ့ ၀န်ထမ်းတွေ သတိထားဖို့လိုလိမ့်မယ်လို့ ပြောဆိုပါတယ်။ဘာပဲ ဖြစ်ဖြစ် ပြည်သူတွေကKIA  ရဲ့ကောလဟလတွေမယုံကြည်ဖူးဆိုပေမဲ့  မိုင်းခွဲဖျက်ဆီးခံရမှာကိုတော့ စိုးရိမ် ကြောက်လန့်နေကြတယ်လို့ သတင်းရရှိပါတယ်။

http://kachindailynews.blogspot.com/2011/10/kia_26.html မှကူးယူဖော်ပြပါသည်။